Genocide ဆိုတာ
=============
အမေရိကန်သည် သာမန်ပြည်သူတွေနေသော
စစ်စခန်းမယ်မယ်ရာရာမရှိသော ဟီရိုရှီးမားနှင့်
နာဂါဆာကီးမြို့ပေါ်ကို အနုမြူဗုံးကျဲခဲ့သည်
စက္ကန့်ပိုင်းအတွင်း လူပေါင်းတစ်သိန်းကျော်
ချက်ချင်းသေသည်
လူမျိုးတုံးသတ်ဖြတ်ခြင်းမဟုတ်
ဗီယက်နမ်စစ်ပွဲတွင် ရွာများပေါ်သို့ Napalm
မီးလောင်ဗုံးများကျဲချပြီး လူများကို
အရှင်လတ်လတ် မီးလောင်တိုက်သွင်းသည်
၁၉၆၅ တွင် ၂ သိန်းကျော်သေသည်
၁၉၆၆-၆၇ တွင် ၅ သိန်းနီးပါး
၁၉၆၈ တွင် ၄၉၅၀၀၀ ဦး သေသည်
အမေရိကန်စစ်တပ်၏တရားဝင်ထုတ်ပြန်ချက်မှာပင် ၁ နှစ်ကို ၁ သိန်းနီးပါးသေသည်
ဗီယက်ကောင်းတို့ တောနက်များထဲတွင် မြေအောက်ဥမင်များတူး၍နေကြသည်
တောပြုန်းအောင် Agent Orange ဆိုသော ရွက်ကြွေဆေးများကို လူနေမနေ မကြည့်ပဲ တောအုပ်ပေါ်ကျဲချသည်
လူပေါင်း ၄ သိန်းကျော် အဆိပ်သင့်၍သေသည်
တောအုပ်ထဲမြေကြီးထဲစိမ့်ဝင်နေသော အဆိပ်များကို ဖြတ်သန်းစီးဆင်းသယ်ဆောင်လာသည့် အဆိပ်မိုးရေချောင်းရေမြစ်ရေများကိုသောက်သုံးမိသူ သန်းနဲ့ချီအဆိပ်သင့်သေကြသည်
မွေးလာသောသန်းနှင့်ချီသောကလေးများမျက်လုံးမပါ နားမပါ လူစင်မမှီဖြစ်ကြသည်
မှတ်သားရန်ကား
အင်အားကြီးသူတို့လုပ်လျှင် လူမျိုးမတုံး
လူ့အခွင့်အရေးမချိုးဖောက်
ကျန်သောသူလုပ်လျှင် အမှားဖြစ်သည်
crd.
#KT
Post a Comment