နစက၏ အာမခံချက် (၆) ချက်
======================
(၁၁/၂၀၂၂) သတင်းစာရှင်းလင်းပွဲတွင် NP News
သတင်းဌာနမှ ကိုကျော်မျိုးမင်း မေးမြန်းချက်အား
ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြန်လည်ဖြေကြားခြင်း
ဖြစ်ပါသည်။
မေး = ၂၀၂၃ မှာ ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်လို့ သိရပါတယ်။ အဲ့ဒီရွေးကောက်ပွဲမှာ နိုင်ငံ
ရေးပါတီတွေနဲ့ EAOs များအပေါ် နစကအနေနဲ့
ဘယ်လိုအာမခံချက် ပေးနိုင်ပါသလဲ?
ဖြေ = နစကအနေနဲ့ အာမခံချက်ပေးနိုင်တာက
(၁) လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား
မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်။
(၂) ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်
ရမယ်။ ဖက်ဒရယ်ဆိုတာ မတူကွဲပြားတဲ့ဒေသတွေ၊
လူမျိုးစုတွေကို လုပ်ပိုင်နိုင်ခွင့်အာဏာခွဲဝေပေး
ခြင်း ဖြစ်တယ်။ အတူတကွပေါင်းစည်းနေထိုင်ပြီး
မျှဝေခံစားကြတာကို ဆိုတယ်။
(၃) ဝါဒရေးရာပါတီ၊ လူမျိုးရေးပါတီ၊ ဒေသ
အလိုက်ပါတီတွေက ပြည်သူများ ရွေးကောက်
တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ အချိုးကျ
စနစ်အရ ပေါ်ထွန်းလာမှာဖြစ်တယ်။
(၄) တိုင်းနဲ့ပြည်နယ်အလိုက် ဒီမိုကရေစီရဲ့အနှစ်
သာရကို ညီတူညီမျှခံစားရစေရမယ်။
(၅) အခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသား
တွေရဲ့အကျိုးအတွက် လုပ်ပိုင်ခွင့်ဆိုင်ရာ ၃၄ ချက်၊
အခွန်အကောက်ဆိုင်ရာ ၂၀ ချက်ထည့်သွင်းပြင် ဆင်ပေးထားပြီးဖြစ်တဲ့အပြင် လိုအပ်ရင် ထပ်ချဲ့
ပေးမှာဖြစ်တယ်။
(၆) ၂၀၂၂ မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်
စ လမ်းဖွင့်ပေးထားပြီး ညှိနှိုင်းဆွေးနွေးမှု တွေ
လုပ်ကာ အပြီးသတ်ဆောင်ရွက်ဖို့ရှိတယ်။
#KT
Post a Comment