ဗိုလ်နဂါးက မီဒီယာထက်မှာ နာမည်ကြီးလာလေ ဒေသခံတွေက မျက်ခုံးလှုပ်လေ

နယ်ခံတစ်ဦးရဲ့ ဖွင့်ဟလာတဲ့စာလေးပါ


ဗိုလ်နဂါး က မီဒီယာ ထက်မှာ 
နာမည်ကြီးကြီး လာလေ
ဒေသခံတွေက မျက်ခုံးလှုပ်လေ

အမှန်ဆိုရရင်
သူ့နယ် ကျနော်တို့နယ်က
ပုန်းစရာ ခိုစရာ နေရာက ခပ်ရှားရှားရယ် 
ပြောရဦးမယ်
တချို့ပညာရှင်များက
ပြေးရင်းလွှားရင်း ယူသွားနိုင်အောင်
အရေးကြီး စာရွက်စာတမ်းတွေ
အဆင်သင့်လုပ်ထား 
ဘာညာ အကြံပေးကြသည်
တကယ်က 
ရွာတွေမှာ ပြေးကြလွှားကြ ရတာ
ထင်သလောက်မလွယ်

တောသူတောင်သားများအဖို့
အရေးကြီးတာတွေက 
စာရွက်စာတမ်းမဟုတ်
သယ်ရပိုးရ မလွယ်သည့်
ကျွဲ နွား နှင့်
ကိုယ့်လယ်ယာက ထွက်သည့်
အစေ့အဆန်တွေ 
ဒါတွေ ခေါင်းပေါ်ရွက်ပြေးကြရမည်လား

ပြေးပါပြီဆိုတော့
ဘယ်ပြေးကြရမည်လဲ
ယိုးဒယားလား
တရုတ်လား 
အိန္ဒိယလား
ဘဂ်လားဒေရှ့်လား
ဩဇီလား အ‌မေရိကလား
ဟိုဘက်ရွာ 
ဒီဘက်ရွာတောင် အနိုင်နိုင်ရယ် 

ခုနေခါက ပိုဆိုးသည်
တလင်းသိမ်းချိန် 

ကနီ ပုလဲ ဆားလင်းကြီး မှာ
ကပဖ တွေ များစွာရှိသည်
စစ်ကိုင်းတတိုင်းလုံးမှာ
တော်လှန်ရေးအင်အားစုတွေ 
များစွာရှိသည်

ကိုယ့်နယ် ကိုယ့်ဒေသ က 
သူရဲကောင်းတွေ ထွက်တော့ 
တစ်ချို့ ဂုဏ်ယူနေကြတယ်
ကိုယ့်သေတွင်း ကိုယ်တူးနေကြတယ်လို့ မထင်ကြဘူး

မီဒီယာတွေ အလော်ကောင်းလေလေ ကျနော်တို့မှာ 
နယ်သူ နယ်သားတွေ မှာ
ကျောကော့အောင်လည်း
ခံကြရသည်=

ဗိုလ်နဂါး ဗိုလ်နဂါး 
စစ်ကိုင်းတိုင်း စစ်ကိုင်းတိုင်း 
မီဒီယာထက်မှာ ချီးကျူးသံတွေ 
ညံသထက်ညံလာသည်=

လွတ်မြောက်နယ်မြေ ဆိုတာမျိုးတွေထိ
အချွန်နဲ့ မ ကြသည်။ 
တကယ်တော့ စစ်မီးတောက်လောင်မှုအရှိန်ပြင်းစေရန်လောင်ဆာဆီတွေ လောင်းထည့်ပေးနေတာ 
တစ်ချို့ မသိကြဘူး

ချီးကျူးသူတို့ မှာ လွတ်မြောက်နယ်မြေအသီးသီးမှာ နေပြီးအလုပ်အကိုင် အသွားအလာ 
အနေအစား မပျက်ပေမယ့်

နယ်ခံတွေမှာတော့ စစ်ရဲ့ ဒဏ်ကို အလူးအလဲ ကျိတ်ခံနေကြရပြီ တော်ကြပါတော့ဗျာ
ဒီထက်ပိုပြီး မလော်ကြပါနဲ့

စိုးတထိတ်ထိတ်နှင့် ပဲ
ကျနော်တို့မှာ နေ့တွေ ညတွေကို
ဖြတ်သမ်းနေရပါတယ်

လိုင်းပေါ်မှာ အာချောင်တာ လွယ်တယ် မြှောက်ပေးတာ လူတိုင်းလုပ်တတ်တယ်

အခု ပုံစံက 
ငမိုက်သား စစ်ကိုင်းသားတွေ
နင်တို့ချည်းသေစေတော့
ငါတို့ကတော့ လိုင်းပေါ်ကနေ
လော်ဘီ လုပ်ပြီး နင်တို့ကို သေတွင်းပို့ပေးမယ် ဆိုတဲ့အပေါက်မျိုး

တော်ကြပါတော့ဗျာ
ပြေးစရာ မြေမရှိတော့ပါဘူး
စစ်ကြောင်းတခါ ထိုးတိုင်း ကျနော်တို့မှာ ငရဲ တခါ ကျ ရသလိုပါပဲ ဟု

Credit

Post a Comment

Previous Post Next Post