"ငါ့အမြင်"
----------
ခုပဲကြည့်လေ ဟိုအကြမ်းဖက်
သမား နှစ်ကောင်ကို သေဒဏ်
ချတယ်။
ဗမာပြည်က သေဒဏ်ဆိုတာ
သေနတ်နဲ့ ပစ်သတ်တာ မဟုတ်
ဘူးလေ။
ကြိုးစင်တင် ကြိုးကွင်းစွပ် သတ်
တာမျိုးလေ။
အကယ်၍ ကြိုးကွင်း မခိုင်လို့၊
အလေချိန် ညီလို့ ပြတ်ကျတာမျိုး၊
အနိမ့်အမြင့် ကွာခြားမှုကြောင့်
မသေတာမျိုး ဖြစ်ခဲ့ရင် ကြိုးကျ
တရားခံ အသက်လွတ်တယ်၊
လွှတ်ပေးရတယ်။
ဒါ့ကြောင့် သေဒဏ်မှာ မသေမချင်း
ကြိုးကွင်းစွပ် သတ်စေဆိုတဲ့ အမိန့်
ပါရတယ်။
အဲ့ဒါ အခု မတွေ့ပါ။
လောကမှာ ဘယ်သူမဆို မင်းကလူတွေ
သတ်ထားရင် မင်း ပြန်အသတ်ခံရမယ်။
သတ္တဝါတွေကို ဒုက္ခပေးထားရင် မင်း
ပြန် ဒုက္ခရောက်မယ်။
သေလွန်ပြီးမှ တမလွန်မှာ ငရဲ၊ နိဗ္ဗာန်
ရှိတယ်ဆိုတာ သက်သေ မရှိသလို၊
မြတ်စွာဘုရားလည်း မပြောခဲ့ဘူး။
ရွာထဲက ဘာသာအားလုံး လုပ်စားတဲ့
ခြောက်စား၊ လိမ်စားကွက်သာ ဖြစ်တယ်။
ဆိုလိုတာ ငရဲ၊ နိဗ္ဗာန်ဆိုတာ ယခု မင်း
လူဖြစ်နေတဲ့ ပစ္စုပ္ပန် ခုဘဝမှာတော့
အသေအချာရှိတယ်။
၃၁ ဘုံ လည်ပြီး ခွေး၊ နွား၊ ကြက် ဖြစ်
တယ် ဆိုတာလည်း လုပ်စားကွက်တွေ
ပဲ။
တကယ်က မင်းက ခန္ဓာပြောင်းပြီး
၃၁ ဘုံထဲ လည်နေတာ မဟုတ်ဘူး၊
၃၁ ဘုံက မင်း ခန္ဓာထဲ လာလည်
နေတာ။
ဒီကနေ့ ခွေးစိတ်၊ နက်ဖြန် မြေခွေး
စိတ်၊ နောက်တနေ့ နွားစိတ်၊ ဝက်
စိတ်၊ မြွေမြွေ့စိတ် စသဖြင့် ခန္ဓာ
မပြောင်းဘဲ၊ မင်းရဲ့ စိတ်၊ လည်နေ
တာကို ဆိုလိုနေတာ။
ပြောချင်တာက မဆီမဆိုင် တွေ့သမျှ
လူတွေကို Extrajudicial Killing
(ဥပဒေမဲ့ တရားလက်လွတ် သတ်ဖြတ်
ထား)´ တဲ့အတွက် ဘယ်နိုင်ငံရဲ့ ဥပဒေ
မှာမဆို ပြဋ္ဌာန်းထားတာက မင်း ဒီပြစ်
ဒဏ်ကို ခံကို ပြန်ခံရမှာပဲ။
မင်း ငရဲ လုပ်ထားတယ်။
အခု မင်း ငရဲခံဘဲ။
မင်း ဘာမှ မလုပ်ရင် ဘာမှ မဖြစ်ဘူး။
မင်း ကောင်းတာ လုပ်ထားရင် ကောင်း
တာ မင်း ပြန်ရမယ်၊ ဖြစ်မယ်။
ငါတော့ ဒီလိုပဲ တသက်လုံး နားလည်
ထားတယ်။
(Andrew Soe)
22nd Jan 2022
Post a Comment