ပညာ​ရေးနဲ့ အကြမ်းဖက်ဝါဒ

ဒေါ်စုကပြောတယ် 

ပညာရေးကို 
အားပေးတယ်ဆိုတာ
ကျမတို့နိုင်ငံရဲ့ အနာဂတ်ကို
အားပေးတာပဲ ဖြစ်တယ်…တဲ့ …!
ဒေါ်စုက ဆက်ပြောတယ်။ 

ပညာမတတ်တဲ့ နိုင်ငံ၊ 
ပညာရှိနည်းပါးတဲ့ နိုင်ငံဟာ
ဘယ်လောက်ပဲ လက်နက်တွေများများ 
နိုင်ငံကို ဘယ်တော့မှ ကာကွယ်လို့ 
ရနိုင်မှာ မဟုတ်ဘူး… တဲ့…! 

ဒေါ်စု ဖခင် 
ဗိုလ်ချုပ်အောင်ဆန်းကတော့ တစ်မျိုး
သူက ကလေး စစ်သား လက်မခံဘူး။ 

ဘာလို့လဲ ဆိုတော့
အသက်မပြည့်သေးဘဲ 
စစ်ထဲဝင်ချင်တဲ့ မောင်ဝင်းတင် 
(ဟံသာဝတီဦးဝင်းတင်)ကို 

ငယ်သေးတယ်။ 
ပညာဆက်သင်။ တပ်ထဲ မဝင်နဲ့ ဦး။ 
ပညာကို တတ်အောင်သင်… တဲ့…!။ 

ဗိုလ်ချုပ်သာ 
ကလေးစစ်သားလက်ခံခဲ့ရင် 
NLD ရဲ့ အာမခံ ဟံသာဝတီဦးဝင်းတင်
ဆိုတာ ရှိခဲ့ဖို့ မသေချာဘူး။ 

ဒေါ်စု သိပ်အားကျခဲ့တဲ့ 
နယ်လ်ဆင်မင်ဒဲလားက ပြောသွားသေးတယ်။ 

ပညာရေးဆိုတာ 
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် 
အကောင်းဆုံး အကြီးမားဆုံး 
မောင်းနှင်အားဖြစ်တယ်…တဲ့…! 

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူဘဲ 
တကယ့် ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရတဲ့ 
မင်ဒဲလားဟာ အပြောသက်သက်မဟုတ်ဘဲ

သူ့ကို ထောင်ထဲထည့်ထားတဲ့ 
အာဖရိကလူဖြူပါတီက သမ္မတဖြစ်လာ၊ 

သူ့ကိုပါ ပြန် လွှတ်ပေးခဲ့တဲ့ 
သမ္မတဝီလျံဒီကလပ်ကို သူသမ္မတ
ဖြစ်ချိန်မှာ ဒုသမ္မတပေးပြီး… 

တောင်အာဖရိကကို 
တိုးတက်အောင်ဆောင်ရွက်ခဲ့လို့ 
ပူးတွဲ နိုဘယ်လ်ဆု ရခဲ့ကြသေးတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ 
သူလုပ်ချင်တာ မှန်သမျှ ကို ဦးသိန်းစိန်
လုပ်သွားလို့ ဦးသိန်းစိန်အပေါ် 
အမြင်မကြည်မလင်နဲ့ …

ငြိမ်းချမ်းရေး
လက်မှတ်ထိုးဖို့ကိုပါ ဖျက်ဆီးခဲ့တယ်။ 

မတူတာတွေလည်း 
အများကြီးရှိသေးတယ်။ 

ဥပမာအားဖြင့် 
နယ်လ်ဆင်မင်ဒဲလားဟာ 
ထောင် ၂၇ နှစ်ကျနေပေမဲ့ သူဟာ 
အာဖရိကလူဖြူတွေဦးဆောင်တဲ့ 
National Party က နိုင်ငံတိုးတက်ရေး
လုပ်ဆောင်နေတာကို …

စီးပွားရေးပိတ်ဆို့ပါ တို့ 
ခရီးသွားတွေ မလာပါနဲ့ဦးတို့ မပြောခဲ့ဘူး။ 

ဒါကြောင့်လည်း 
တောင်အာဖရိကဟာ 
လူမည်းသမ္မတမင်ဒဲလားနဲ့ 
အာဖရိကလူဖြူပါတီက ဒုသမ္မတ
ဝီလျံ ဒီကလပ်ဦးဆောင်မှုအောက်မှာ 
အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်။ 

နယ်လ်ဆင်မင်ဒဲလားက 
ခွင့်လွှတ်ခြင်းတရားကို ကမ္ဘာကြီးထံ
သင်ပြပေးနေချိန်မှာ …

ဒေါ်စုကြည်ကတော့ 
နိုင်ငံနဲ့ ပြည်သူ အလုံးစုံပျက်သုဉ်းရေး
လမ်းပေါ်မှာ NUG နဲ့ PDF ကိုမွေးမြူ  ပြီး
ဆက်လျှောက်နေတာကို ဘာမှမပြောဘဲ
အခုအချိန်အထိ ပါးစပ်ပိတ်နေဆဲပါပဲ။ 

အခုလည်း 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
လက်အောက် NLD ပါတီကနေ 
မွေးဖွားလာတဲ့ NUG နဲ့ PDF က 
ကြိမ်းဝါးချက်တွေ ထုတ်နေလေရဲ့…။ 

ကျောင်းဖွင့်တာက 
အများပြည်သူလူထုကို 
ထိခိုက်ပျက်စီးစေတယ်*…တဲ့.!။ 

အကြမ်းဖက် 
တာလီဘန်လက်အောက်မှာ 
ရဲရဲဝံ့ဝံ့နဲ့ အမျိုးသမီးတွေ ပညာသင်ကြားခွင့်
တိုက်ပွဲဝင်ခဲ့တဲ့ ၁၆ နှစ်သမီး မာလာလာ
ကြားရင် ရယ်နေရော့မယ်။ 

အသက်အငယ်ဆုံး
နိုဘယ်လ်ဆုရှင်မာလာလာက 

ကလေးတစ်ယောက် ၊ 
ဆရာတစ်ယောက် ၊ စာအုပ်တစ်အုပ်နဲ့ 
ဘောပင်တစ်ချောင်းဟာ ကမ္ဘာကြီးကို 
ပြောင်းလဲပစ်နိုင်တယ်… လို့ 

သူပြောခဲ့တာကို 
PDF , GZ တွေ ကြေညာချက်နဲ့ 
တိုက်ဖတ်ပြီး ကရုဏာသက်ချင်လည်း 
သက်နေမှာပါပဲလေ…။

20220115:Thuya
Crd;Photo

Post a Comment

Previous Post Next Post