မကြာခင်အချိန်၌
တပ်မတော်မှ အာဏာထိန်းထားမှုမှာ
၁ နှစ်သက်တမ်း ပြည့်တော့မည်ဖြစ်ပါ၍
ဥပဒေနှင့်အညီ အာဏာသက်တမ်းအား
ဆက်တိုးသွားမှာ ဖြစ်တယ် ဟု …
ယနေ့ကျင်းပခဲ့သော
နစက ၏ သတင်းစာရှင်းလင်းပွဲ၌
ဗိုလ်ချုပ်ဇော်မင်းထွန်းဆို…
လာမည့် ဖေဖော်ဝါရီ ၁ရက်နေ့တွင်
နစကရဲ့သက်တမ်းဟာ တစ်နှစ်တင်းတင်း
ပြည့်မြောက်တော့မည်ဖြစ်၍ …
ဥပဒေနှင့် အညီ
ဆက်လက် သက်တမ်းတိုးမည်ဟု
ဗိုလ်ချုပ်ဇော်မင်းထွန်းက …
၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၄ရက်
နေပြည်တော်သတင်းစာရှင်းလင်းပွဲ၌
တရားဝင် ပြောကြားခဲ့ပါသည်။
သက်တမ်းတိုးနိုင်ရေးအတွက်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး
ကောင်စီနှင့် တင်ပြသွားမည်ဟုလည်း
အတိအလင်း ပြောကြားသွားခဲ့ပါသည်။
ယင်းအပြင်
၂၀၂၃ခုနှစ် သြဂုတ်လအတွင်း
ရွေးကောက်ပွဲလုပ်ငန်းစဉ် အားလည်း
လုပ်ဆောင်သွားရန်ရှိသည်ဆိုသော
နစကကောင်စီ၏ ပြောစကားအား
ကတိအတိုင်း
ဆက်လက်ဆောင်ရွက်သွားရန်
ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း
ဗိုလ်ချုပ်ဇော်မင်းထွန်းက
ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၀၈ဖွဲ့စည်းပုံ
အခြေခံဥပဒေ အခန်း(၁၁)
အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်အရ
အရေးပေါ်ကာလကို …
အမိန့်ထုတ်ပြန်သည့် နေ့မှ
တစ်နှစ်အထိ၊အကျိုးအကြောင်း
ဖော်ပြလျှက် အချိန်ကာလတိုးမြင့်ပေးရန်
တင်ပြလာပါက အမျိုးသားကာကွယ်ရေး
လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး …
သာမာန်အားဖြင့်
တစ်ကြိမ်လျှင် ခြောက်လအထိ
နှစ်ကြိမ်အထိ တိုးမြင့်နိုင်ကြောင်း
ဖော်ပြထားသည်ကို တွေ့ရမှာ ဖြစ်သည်။
#PopularNewsJournal
Post a Comment