တိုက်ကြီးမြိုနယ် (Y-M-B-A) ဥက္ကဋ္ဌအား NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများမှ လုပ်ကြံသတ်ဖြတ်သွားကြောင်း သိရ
တိုက်ကြီး၊ နိုဝင်ဘာ(၁၆)
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြိုနယ် ဗုဒ္ဓကလျာဏယုဝအသင်း (Y-M-B-A) ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး(ခ)ဖိုးဝကြီးသည် ယနေ့ နံနက်ပိုင်းက NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သွားရာ ကုတင် (၁၀၀၀) ဆေးရုံ၌ဆေးကုသနေစဉ် သေဆုံးသွားကြောင်း သိရှိရသည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများသည် ဘသာခြား၊ တိုင်းတပါးသားတို့ထံမှ ငွေကြေး၊ လက်နက် အကူအညီ အထောက်ပံ့များ ရယူ၍ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကြပြီး ဘာသာခြားတို့၏ ခိုင်းစေချက်အတိုင်း သံဃာတော်များကိုပင် လုပ်ကြံသတ်ဖြတ်နေသော လုပ်ရပ်များမှာ ဘာသာ သာသာနာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးစော်ကားသော လုပ်ရပ်များဖြစ်နေသည့်အပေါ် တည်ငြိမ်အေးချမ်းရေးကို လိုလားသော ပြည်သူများအနေဖြင့် NLD, PDF အစွန်းရောက်အကြမ်းဖက်သမားများ၏ လုပ်ရပ်များအပေါ် ရွံမုန်းလာကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Post a Comment