SNLDပါတီနဲ့ မစ္စတာဆာဆာကာဝါတို့တွေ့ဆုံ

SNLDပါတီနဲ့ မစ္စတာဆာဆာကာဝါတို့တွေ့ဆုံ

မြန်မာနိုင်ငံမှာရောက်နေတဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်မစ္စတာ ဆာဆာကာဝါ  နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLDတို့ ဒီကနေ့နိုဝင်ဘာ၁၆ရက်မှာ တွေ့ဆုံခဲ့ကြပါတယ်။

မစ္စတာ ဆာဆာကာဝါ နဲ့ SNLD ပါတီတို့တွေ့ဆုံမှုမှာ ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်တို့ပါ၀င်တယ်လို့ SNLDပါတီကပြောဆိုထားပါတယ်။

မွန်းလွဲပိုင်း ၃နာရီခွဲကနေ ၄နာရီခွဲအထိ အချိန်၁နာရီကြာတွေ့ဆုံမှုမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေဆွေးနွေးခဲ့တာရှိသလို ရှမ်းပြည်ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း နှစ်ဖက် ရင်းနှီးစွာ အပြန်အလှန် ဆွေး‌နွေးခဲ့တယ်လို့ SNLDပါတီကပြောဆိုပါတယ်။

မစ္စတာဆာဆာကာဝါဟာ နိုဝင်ဘာ၁၂ရက်နေ့က နစကအကြီးအကဲနဲ့တွေ့ဆုံပြီးနောက်၊နို၀င်ဘာ၁၅ရက်မှာ ရခိုင်ပြည်နယ်ခရီးစဉ် အဲ့ဒီနေ့မှာပဲ ရခိုင်အမျိုးသားပါတီတို့နဲ့ တွေ့ဆုံခဲ့တာရှိပါတယ်။နောက်ပြီး ရခိုင်တပ်တော်အေအေနဲ့ လည်း အွန်လိုင်းကနေ တွေ့ခဲ့တာရှိသလို ဆက်ပြီးNLDပါတီက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊၈၈မျိုးဆက်က ပုဂ္ဂိုလ်တွေ၊အခြားနိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post