အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG နှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်တို့၏ စေခိုင်းချက်အရ သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်သူများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၁၇
အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၂ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အင်းဝအိမ်ရာတွင် အောင်ဇင်ဖြိုး(ခ)မင်းကြီး (၁၉)နှစ်အား ဖမ်းဆီးရမိ ခဲ့သည်၊၊
တရားခံ အောင်ဇင်ဖြိုး(ခ)မင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၄ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ Hotel 46 အား ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်မှုနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဓိက တရားခံဖြစ်သော မြတ်သူ(ခ)နတ်ဆိုး (၃၂)နှစ်နှင့်အတူ ဇင်ကိုလင်း (၂၅)နှစ်၊ မြသန္တာခိုင် (၂၅)နှစ်၊ လဲ့ရည်ဖြိုး(၂၉)နှစ်၊ အောင်စည်သူခန့် (၂၁)နှစ်တို့ ၅ ဦး အား ဖမ်းဆီးရမိခဲ့သည်။
တရားခံ မြတ်သူ(ခ)နတ်ဆိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ စံပယ်ဖြူကွန်ဒိုအား ဝင်ရောက်ရှာဖွေခဲ့ရာ တေဇာနေလင်း (၂၀)နှစ်၊ မင်းသွေးမြင့် (၂၄)နှစ်၊ စည်သူဟိန်း (၂၈)နှစ်၊ အောင်မင်းခန့် (၁၉)နှစ်၊ မင်းမောင် (၃၁)နှစ်၊ ဝေယံဦး (၂၆)နှစ်တို့ ၆ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ဖတ်ရှုရန် >>>>>
https://mnpnewsagency.com/17/11/2021/4779/
Post a Comment