အမရပူရမြို့နယ်တွင် ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

အမရပူရမြို့နယ်တွင် ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၇ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းရှေ့တွင် ဘိုဘိုဌေး(၃၆)နှစ် မောင်းနှင်သည့် FUSO ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဆပ်ပြာခွက် ၂,၂၅၇ ခွက်ဖြင့် ထည့်ထားသော ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ဒသမ ၅၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိဖြစ်စဉ်နှင့် ပတ်စက်၍ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost
www.mnpnewsagency.com

Post a Comment

Previous Post Next Post