ထောင်ထွက်အများစုနဲ့ဖွဲ့ထားတဲ့ NLD ပါတီရဲ့ အကြောက်တရား....

ထောင်ထွက်အများစုနဲ့ဖွဲ့ထားတဲ့
NLDပါတီရဲ့ အကြောက်တရားက
၂၀၂၀ ရွေးကောက်ပွဲမှာ ညွှန့်ပေါင်းဖြစ်ပြီး
အစိုးရထပ်မဖွဲ့နိုင်မှာကို 
သူတို့အကြောက်ဆုံးပဲ။


ငြင်းစရာမရှိတဲ့ အချက်ကိုပြောရရင်
NLD ပါတီဟာ အခြားပါတီတွေထက်
လူထုထောက်ခံမှုများတာအမှန်ပဲ။
ဒေတာအချက်အလက်ကိုင်ပြောရရင်
မဲပေးခွင့်ရှိတဲ့ ၃၈ သန်းကျော်မှာ 
အစိုးရအဖြစ်နဲ့ သီးသန့်ဖွဲ့ချင်လို့ရှိရင်
NLD ပါတီဟာ ဒီရွေးကောက်ပွဲမှာ
၁၉သန်းကျော်  အနိုင်ရဖို့လိုခဲ့တယ်…။
ဘာတာဝန်ယူမှု၊တာဝန်ခံမှုမှမရှိခဲ့တဲ့
အပြစ်ကင်းစင်တဲ့ ၂၀၁၅ တုန်းကတောင်
၁၂ သန်းကျော်ပဲ အနိုင်ရခဲ့တဲ့ NLDဟာ
၂၀၂၀ ရွေးကောက်ပွဲမှာ ပထမအကြိမ်ထက်
လူထုထောက်ခံမှုပိုများခဲ့တယ်ဆိုတာ
ကမ္ဘာ့သမိုင်းမှာ ပထမဆုံးဖြစ်မယ်ထင်ပါတယ်။

NLD ပါတီရဲ့ အဆိုးဆုံး အမဲစက်ကတော့
မြန်မာ့ရွေးကောက်ပွဲဒီမိုကရေစီသမိုင်းမှာ 
မဲမသမာမှုစွပ်စွဲချက်အပေါ်
ဖြေရှင်းနိုင်ခြင်းမရှိခဲ့ဘဲ 
ခေါင်းရှောင်သွားခဲ့တာပါပဲ..။


ဒါဟာတုန့်ပြန်လိုက်လို့ 
နိုင်ငံရေးသိက္ခာကျသွားမဲ့လမ်းထက်
တပ်ကို လူထုအပြစ်မြင်ပြီး 
လက်ညိုးထိုးရလွယ်တဲ့လမ်းကို
NLD ခေါင်းဆောင်ပိုင်းကရွေးခဲ့တယ်။

နီပေါတွေအများစုငြင်းတဲ့အချက်က
မဲပေးရတဲ့ လက်သန်းက မှင်က  
(၂)ခါတို့မရဘူးဆိုတဲ့အချက်ပဲ။
ဒါပေမဲ့ NLD ပါတီလုပ်သွားခဲ့တာက 
တကယ်မဲပေးခွင့်ရခဲ့ကြတဲ့
နိုဝင်ဘာ(၈)ရက်နေ့ကိုလုပ်ခဲ့တာမဟုတ်ဘူး။


ကြိုတင်မဲစာရင်းတွေနေရာမှာသာ
ဖောင်းပွအောင် သူတို့လုပ်ခဲ့ကြတာ။
ဒါကြောင့်လည်း 
ကိုသန်းတိုးဦးဆောင်တဲ့ UECက
တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို 
ပြည်သူအားလုံးသိအောင် မထုတ်ပြနိုင်ခဲ့ဘူး။
တကယ်တော့ ဒီပြသနာကရှင်းရှင်းလေး။
ကြိုတင်မဲပေးခဲ့ကြတဲ့ မဲစာရင်းရယ်၊ 
အမှန်တကယ်မဲပေးခွင့်ရတဲ့
တတိယအကြိမ်မဲဆန္ဒရှင်စာရင်းရယ်
နို(၈)မှာပေးခဲ့တဲ့စာရင်းရယ်
တိုက်စစ်လိုက်ယုံနဲ့
ပြီးတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ်။


လူငယ်တွေသတိပြုဖို့လိုတာက
တပ်ကို တိုင်းပြည်အုပ်ချုပ်ရေးအာဏာမှာ
ဝင်ပြီးမစွက်ဖက်စေချင်ဘူးဆိုရင်….
မမှန်ကန်တဲ့နည်းလမ်းကျင့်သုံပြီး
အာဏာရယူဖို့ကြိုးစားတာကိုလည်း
ဘယ်နည်းနဲ့ဖြစ်ဖြစ် 
တားမြစ်ဖို့လိုတယ်ဆိုတဲ့အချက်ပဲ။

ဒါဟာ အမှန်တရားကို
ချစ်မြတ်နိုးပါတယ်ဆိုတဲ့လူငယ်တွေအတွက်
ဘယ်ပါတီ၊ဘယ်ပုဂ္ဂိုလ်မဆို ဆိုတဲ့
အတွေးအမြင်ရှိဖို့လည်းလိုတယ်။
ပုဂ္ဂိုလ်ရေး မကိုးကွယ်ဖို့လည်းလိုတယ်။


ချုပ်ရရင်…
NLD ပါတီကျရှုံးရခြင်းရဲ့
အဓိက အကြောင်းတရားက…
အစိုးရမဖွဲ့နိုင်မှာစိုးတဲ့အကြောက်လွန်ရောဂါပဲ။
ဒါကြောင့်လည်း No Vote ဖြစ်မှာစိုးရိမ်တယ်။
ဘယ်တော့မှ မနိုင်တဲ့ရခိုင်ကို
ရွေးကောက်ပွဲ မကျင်းပပေးခဲ့ဘူး။
အဆိုးဆုံးကတော့ 
မဲမသမာမှုကိစ္စတွေကို 
ပြေလည်အောင် ရှင်းမပေးသွားခဲ့ဘူး။
ပြီးခဲ့ပြီဆိုပေမဲ့ ဒါတွေက သမိုင်းပါပဲ။


#ဖိုးစီ

Post a Comment

Previous Post Next Post