ယခင်ထဲကစစ်ဆေးရေးဂိတ်တွေက သေချာစစ်ဆေးရင် မြို့ပေါ်
ကိုလက်နက်ခဲယမ်းတွေရောက်လာစရာအကြောင်းမရှိ
ဆောင်းဘောက်အတွင်းM-16သေနတ်နှင့်သေနတ်ကျည်ဆံသယ်ဆောင်လာသူတို့ကိုဖမ်းမိ
အမှုဖြစ်စဉ်မှာ၁၅.၁၁.၂၀၂၁ရက်နံနက်၆နာရီ၀၅မိနစ်အချိန်ခန့်တွင်ကရင်ပြည်နယ်၊မြ၀တီမြို့နယ်သင်္ဃန်းညီနောင်အဖွဲ့စုံပူးပေါင်းစစ်ဆေးဂိတ်တွင်မြ၀တီခရိုင်တပ်ဖွဲ့မှူးရုံးမှရဲအုပ်စိုးမြင့်အောင်မှာတာဝန်ခံအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေစဉ်ခရိုင်ရဲတပ်ဖွဲ့မှူး၏ညွှန်ကြားချက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးပူးပေါင်းဂိတ်တာဝန်ကျမှရဲတပ်ကြပ်ဝေယံဦး၊ရဲတပ်သားထွန်းလင်းဦးသက်သေဦးအောင်ဖြိုးပိုင်၊သင်္ဃန်းညီနောင်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဦးမင်းလွင်တို့နှင့်အတူယာဉ်များအားရပ်တန့်စစ်ဆေးရာဖွေနေစဉ်မြဝတီဘက်မှပဲခူးသို့ယာဉ်မောင်းကျော်မင်းဦး(၄၃)နှစ်၊ဇရပ်ကြီးကျေးရွာထန်းတပင်မြို့နယ်၊ပဲခူးတိုင်းဒေသကြီးနေသူမောင်းနှင်ပြီးယာဉ်နောက်လိုက်မျိုးမြင့်ထွန်း(၃၃)နှစ်၊၊၂လမ်း၊ခပေါင်းကျေးရွာ၊ တောင် ငူမြို့နယ်နေသူ နှင့် ယာဉ်ပေါ်တွင် ခရီးသည်ကျော်မင်းခန့်(၁၃)နှစ်၊ဆိတ်ကြီးရပ်ကွက်၊ထန်းတပင်မြို့၊ကျော်ကျော်(၃၆)နှစ်၊ခြံကြီးကျေးရွာ၊တန်းတပင်မြို့နယ်နှင့်ဒေါ်စန်းစန်းရွှေ၊(၅၉)နှစ်၊မှီခို၊(၈)ရပ်ကွက်၊ကမ်းနားလမ်း၊တောင်ငူမြို့နယ်နေ သူတိုစီးနှင် လိုက်ပါလာသောယာဉ်အမှတ် BGO-9p/9249Haise(ခဲရောင်)အန်စာတုံးယာဉ်အားနောက်ဖုံးဖွင့်၍စစ်ဆေးရာယာဉ်ပေါ်တွင်ဆောင်းဘောက်(၂)လုံးအားပလပ်စတစ်ပါကင်ဖြင့်ထုတ်ထားသည့်ကို တွေ့ရှိရပြီး လိုအပ်သည်ထက်ပို လေးလံနေသဖြင့်မသင်္ကာဖြင့်ယာဉ်ပေါ်မှချ၍ဖွင့်ဖောက်စစ်ဆေးရာM-16သေနတ်(၄)လက်၊၄င်းကျည်ဘောက်(၆)ခု၊အားဖြုတ်ကာထည့်သွင်းသယ်ဆောင်လာသည်ကိုစစ်ဆေးတွေ့ရှိရကြောင်းသိရသည်။
သက်သေများ ရှေ့တွင်ရဲအုပ် စိုးမြင့်အောင်မှရှာဖွေပုံစံရေးသွင်းသိမ်းဆည်းကာM-16သေနတ်(၅)လက်၊၄င်းကျည်ဘောက်(၆)ခုအားဖြုတ်ကာဆောင်ဘောက်အတွင်းထည့်သွင်းသယ်ဆောင်လာသူယာဉ်မောင်းကျော်မင်းဦး(၄၃)နှစ်၊နှင့်မျိုးမြင့်ထွန်း၊၃၃နှစ်တိုအားဥပဒေအရအရေးယူပေးပါရန်ရဲအုပ်စိုးမြင့်အောင်(အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်တာဝန်ခံ)မှတရားလိုပြုလုပ်တိုင်တန်းခဲ့ရာ၁၅.၁၁.၂၀၂၁ရက်မွန်းလွဲ၁၂နာရီ၂၀မိနစ်အချိန်သင်္ယန်းညီနောင်နယ်မြေရဲစခန်း(ပ)၉၆/၂၀၂၁လက်နက်ဥပဒေပုဒ်မ-၁၉(စ)ဖြင့်အမျှရေးဖွင့်ပြီး အမှုစစ်ဒုရဲအုပ် မြင့်ကျော်ကစစ်ဆေးလျှက်ရှိ ကြောင်းသိရှိရသည်။
နေလင်း(မြ၀တီ)S.H
ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်
Post a Comment