၂၀၂၀ မဲလိမ်မဲခိုးမှုကို တာဝန်ယူဖြေရှင်းပေးရန် ပျက်ကွက်မှုကြောင့် တပ်မတော်က နိုင်ငံတော်အာဏာထိန်းသိမ်းရယူပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်း ကမ္ဘာသိကြေညာထားသော်လည်း NLD နှင့် ၎င်းတို့ကိုထောက်ခံကြသူများသည် လက်နက်ကိုင်အကြမ်းဖက်လမ်းစဥ်ကို လုပ်ဆောင်လျှက်ရှိကြပါသည် ။
တော်လှန်ရေးခေါင်းစဥ်တပ်ပြီး တော်လှန်ရေးနှင့် မည်သို့မျှမသက်ဆိုင်သော ရဟန်းသံဃာများ ကလေးသူငယ်များ ကျောင်းသူ/သားများကို သတ်ဖြတ်ခြင်းများ ခြိမ်းခြောက်ရန်ရှာခြင်းများ ရှိလာပါသည် ။
ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြတဲ့လူနာများရှိသော ဆေးရုံများ အေးချမ်းစွာပညာသင်ကြားနေကြသော စာသင်ကျောင်းများ လူစည်ကားရာစျေးများကို ဗုံးထောင်ခြင်း မီးရှို့ခြင်းများပြုလုပ်နေသည့်အတွက် အကြမ်းဖက်မှုကိုအားမပေးသော ဆန့်ကျင်ရှုံ့ချသောအားဖြင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)က ပြင်းပြင်းထန်ထန် ဆန္ဒထုတ်ဖော် ရှုံ့ချကြောင်း သတင်းရရှိပါသည် ။
Post a Comment