ကျိုက်လတ်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာ တရားခံများအား လက်နက်ခဲယမ်းများနှင့်ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၈
NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ခိုင်စိုး(၄၈)နှစ်အား ကျိုက်လတ်မြို့နယ်၊ ကျုံသီဝ ကျေးရွာရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခိုင်စိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၇ ရက်တွင် ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာ၌ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်(၂၈)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၈ ရက်တွင် ကျိုက်လတ်မြို့နယ်၊ သမက်ပြေကျေးရွာ၌ သန့်ဇင်(ခ)ကုလား(၄၉)နှစ်နှင့် ဟိန်းကို (၂၃)နှစ်တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ဖတ်ရှုရန် >>>>>
https://mnpnewsagency.com/28/11/2021/5506/
Post a Comment