NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများက ရွှေဘိုမြို့ရှိ မြဝတီဘဏ်အား ဗုံးခွဲတိုက်ခိုက်
ရွှေဘို၊ နိုဝင်ဘာ ၁၆
၁၆.၁၁.၂၁ ရက်နေ့ ၁၂၃၀ ခန့်တွင် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးရွိ မြဝတီဘဏ်(ရွှေဘို)အား ဆိုင်ကယ်စီးနင်းလာသည့် NLD, PDF အစွန်းရောက် အကြမ်းဖက်သမား (၂)ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ရာ မြဝတီဘဏ်ခြံစည်းရိုးဝင်ပေါက် ရေမြောင်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများသည် တော်လှန်ရေးဟု အကြောင်းပြ၍ တိုင်းတပါးသား၊ ဘာသာခြားများထံမှ ငွေကြေး၊ လက်နက်များ အထောက်အပံ့များ ရယူပြီး အလုံးစုံ ပျက်သုဉ်းရေးသာမက သံဃာတော်များကိုပါ ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ သံဃာတော် ၁၂ပါးအထိ ပျံလွန်တော်မူခဲ့ရပြီး NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများ၏ လုပ်ရပ်များအပေါ် ပြည်သူများက ရွံမုန်းလာကြသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Post a Comment