ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် DMD မွန်လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး ရေးမြို့အခြေစိုက် စကခ ၁၉ တွင် နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက လက်နက်ချအလင်းဝင်ခဲ့ကြောင်း သတင်းရရှိ

ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် DMD မွန်လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး ရေးမြို့အခြေစိုက် စကခ ၁၉ တွင် နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက လက်နက်ချအလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။

ရေးမြို့နယ် သောင်ပြင်ရွာသား အချမ်း၊ ခေါဇာမြို့မှ နိုင်ခေါက်၊ ကျောက်ထရံရွာသား နိုင်ဟလယ်နှင့် ရေဖြူမြို့နယ် အမဲရွာသား နိုင်မူ တို့ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးထံမှ သိရသည်။
၎င်းတို့အနေဖြင့် တပ်မတော်နှင့်ပူးပေါင်း၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်၊၊

Post a Comment

Previous Post Next Post