NLD, PDF အကြမ်းဖက်သမားများက အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လျက်ရှိ (အိတ်ဖွင့်ပေးစာ)

NLD, PDF အကြမ်းဖက်သမားများက အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လျက်ရှိ (အိတ်ဖွင့်ပေးစာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ မကျီးနီကျေးရွာမှ ဦးသိန်းထွန်းနိုင် နေအိမ်နှင့် ဒေါ်လှမြင့် စပါးကျည်ကို (၂-၁၁-၂၀၂၁)ရက်နေ့ ည (၁၀)နာရီက ရေမြက်ကျေးရွာ ကျောင်းထိုင်ဘုန်းကြီး ဦးဉာဏိဿရ ဦးဆောင်သော မင်းမင်းဦး၊ သောင်းဌေး၊ ဘိုမင်း၊ ဆွေမြင့်၊ မြင့်သိန်း၊ ဆွေသိန်း၊ ဖိုးထား၊ အောင်သူ၊ အောင်မြင့်ဦး၊ နေထက်လင်း၊ မျိုးလိူင်ဝင်း၊ ဟိန်းမင်းထက်၊ ဇော်ကိုလတ်၊ ဌေးလွင်၊ ရင်ရင်အေး ပါဝင်သော PDFအကြမ်းဖက်အဖွဲ့သည် မကျီးနီရွာ ဒေသခံများ ပူးပေါင်း၍ ဓါတ်ဆီလောင်း မီးဖျက်ဆီခဲ့ပါသည်။

ထိုPDF အကြမ်းဖက်အဖွဲ့သည် ရေဦးမြို့နယ် အတွင်းရှိ ကျေးရွာများကို နယ်မြေခံ PDF အကြမ်းဖက်များနှင့် ပူးပေါင်း၍ မကြာခဏ လုယက်၊ ဓါးမြတိုက်၊ မုဒိမ်းကျင့်၊ ရိုက်နှက်၊ နေအိမ်များကို မီးရှို့၊ တရားဥပဒေကို မထီမဲ့မြင်ပြုပြီး မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ အကြမ်းဖက်နေပါသဖြင့်ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်ရဲတပ်ဖွဲမှူး၊ မြို့နယ်စခန်းမှူး၊ မြို့နယ်စစ်ဘက်ဆိုင်ရာ လုံခြုံရေးအထူးတပ်ဖွဲ့(စ.ရ.ဖ)၊ နယ်မြေလုံခြုံရေး စစ်တပ်များကို အကြောင်းကြား အသိပေးတိုင်ကြားသော်လည်း လျစ်လျှူရူထားကြပါသည်။

ယနေ့အချိန်အထိ ရေဦးမြို့အတွင်း အကြမ်းဖက်သောင်းကျန်းနေကြသည့် NLD, PDF အကြမ်းဖက်သမားများကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသဖြင့် ဒေသခံပြည်သူများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်သောကများနှင့် နေထိုင်နေကြရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်နှင့် ဒုဥက္ကဋ္ဌ ဒုကာရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နယ်လုံဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ (န.မ.ခ)တာဝန်ရှိသူများ ရေဦးမြို့နယ်၊ ကျေးရွာပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် အချိန်တိုင်းလို နစ်နာဆုံးရူံးနေပါသဖြင့် အမြန်ဆုံးအရေးယူဆောင်ရွက် ကူညီပေးပါရန် ကျေးရွာနေ ပြည်သူလူထု ကိုယ်စားတာဝန်သိ ပြည်သူတစ်ဦး အနေဖြင့် အကြိမ်ကြိမ်အသနားခံကာ ရိုသေစွာတိုင်ကြားအပ်ပါသည်။

တာဝန်သိပြည်သူတစ်ဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com

Post a Comment

Previous Post Next Post