ရုရှားနိုင်ငံလုံခြုံရေးကောင်စီခေါင်းဆောင်နှင့် စီအိုင်အေညွှန်ချုပ် မော်စကိုတွင်တွေ့ဆုံ
မော်စကို၊ နိုဝင်ဘာ ၃
ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင်ပက်ထရုရှက်ဗ်နှင့် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)ညွှန်ချုပ် ဝီလျံဘန်းစ်တို့သည် အင်္ဂါနေ့က မော်စကိုမြို့တွင် တွေ့ဆုံခဲ့ကြသည်။
နှစ်ဖက်ခေါင်းဆောင်တို့သည် ရုရှား-အမေရိကန် ဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
ဝီလျံဘန်းစ်သည် ယခုနှစ် မတ်လတွင် စီအိုင်အေညွှန်ချုပ်အဖြစ် စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး၊ ယခု မော်စကိုခရီးစဉ်သည် သူရာထူးသစ်ရရှိပြီးနောက် ပထမဆုံး ခရီးစဉ်ဖြစ်သည်။
ကိုးကား
Russia's security chief, CIA director meet in Moscow
ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင်ပက်ထရုရှက်ဗ်(ဝဲ)နှင့် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)ညွှန်ချုပ် ဝီလျံဘန်းစ်(Photo - EPA-EFE)
Post a Comment