အကြမ်းဖက်လှုံ့ဆော် Mizzima သတင်းဌာနက သမ္မတရုံး ဒုညွှန်မှူးကို ဖမ်းဆီးဟု ဗရမ်းဗတာ ရေးသားဖော်ပြ

အကြမ်းဖက်လှုံ့ဆော် Mizzima သတင်းဌာနက သမ္မတရုံး ဒုညွှန်မှူးကို ဖမ်းဆီးဟု ဗရမ်းဗတာ ရေးသားဖော်ပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများကို အစဉ်တစိုက် ဝန်းရံရပ်တည်၍ မမှန်မကန်သတင်းများ ရေးသားဖော်ပြလေ့ ရှိသည့် Mizzima သတင်းဌာနက သမ္မတရုံး ဒုညွှန်မှူးကို ဖမ်းဆီးသည်ဟု ဗရမ်းဗတာ လုပ်ကြံရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အကြမ်းဖက်လှုံ့ဆော် ပြည်ဖျက်မီဒီယာ Mizzima ၏ ရေးသားဖော်ပြချက်တွင် ၈၈ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီနှင့် ဆက်သွယ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားသည်ဟု အခြေအမြစ်မရှိ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

တာဝန်ရှိသူများ၏ ဆက်သွယ်ပြောကြားချက်အရ သမ္မတရုံးဒုညွှန်မှူးကို ဖမ်းဆီးခြင်း မရှိကြောင်း သိရသည်။

အကြမ်းဖက်လှုံ့ဆော် ပြည်ဖျက်မီဒီယာအုပ်စုတွင် DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now, BBC, VOA, RFA သတင်းဌာနများသည် တိုင်းဖျက် ပြည်ဖျက် NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာ ၏ လှုပ်ရှားမှုများကို တော်လှန်ရေးအဖြစ် ပုံဖော်ရေးသားပြီး NLD ပါတီ၏ မဲလိမ်မဲခိုး လုပ်ရပ်များမှ စ၍ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများကို ဖုံးကွယ်ဖော်ပြသော သတင်းဌာနများဖြစ်သည်။

မယန်နေ့က ဝမ်းတွင်း မြို့တွင် ဆရာတော်တစ်ပါး၊ ကျောင်းဆရာမတစ်ယောက် တို့ကို NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပြီး NLD, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး အကြမ်းဖက်လှုံ့ဆော် သတင်းဌာနများအနေဖြင့် NLD ပါတီ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ထားပြီး သတင်းမှားများ ဖန်တီး၍ တပ်မတော်နှင့် ပြည်သူကြား အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

https://t.me/MyanmarNationalPost
www.mnpnewsagency.com

Post a Comment

Previous Post Next Post