ရန်ကုန်တိုင်းဝန်ကြီးချုပ်(ဟောင်း)ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ် သက်သေလာရောက်ထွက်ဆို

ရန်ကုန်တိုင်းဝန်ကြီးချုပ်(ဟောင်း)ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ် သက်သေလာရောက်ထွက်ဆို

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက အမှုတစ်ခုနဲ့ ပတ်သတ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ဖနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်ဟာ ဒီကနေ့ နိုဝင်ဘာ ၁၂ရက်မှာ ပြုလုပ်တဲ့ နေပြည်တော်အထူးတရားရုံးမှာ လိုပြ သက်သေလာရောက်ထွက်ဆိုခဲ့ပါတယ်။

ဒေါ်ခင်မိမိကြွယ်ရဲ့သက်သေထွက်ဆိုချက်ထဲမှာ ရက်စွဲအတိအကျမမှတ်မိတော့ပေမဲ့ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့အတွက် ရွှေနဲ့ဒေါ်လာတောင်းတာကြောင့် ဆိုင်မှာရှိတဲ့ရွှေတွေကို အခေါက်တုံးတွေလုပ်ပေးခဲ့ရတယ်လို့ ထွက်ဆိုသွားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ရွှေတုံးတွေလုပ်ပြီး တစ်ချို့ရွှေတုံးတွေကိုပြန်ရောင်းကာ အမေရိကန်ဒေါ်လာတွေကို ပြန်လည်ဝယ်ယူခဲ့တယ်လို့လည်း ထွက်ဆိုသွားပြီး ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကိုသွားပေးတဲ့အခါမှာ သူမကလိုက်ပါသွားခြင်းမရှိဘူးလို့လည်း ထွက်ဆိုသွားတယ်လို့သိရပါတယ်။

ယခင်ရက်သတ္တပါတ်ကပြုလုပ်တဲ့ ရုံးချိန်းမှာတော့ ဒေါ်ခင်မိမိကြွယ်ဟာ ကျန်းမာရေးမကောင်းလို့ သက်သေလာရောက်ထွက်ဆိုမှုမပြုခဲ့ပါဘူး။

Post a Comment

Previous Post Next Post