KNU တပ်မဟာ (၆) နယ်မြေတွင် မဇ္ဈိမသတင်းထောက်လုပ်ကြံသတ်ဖြတ်ခံရမှုအား Mizzima ငြင်းဆိုသော်လည်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော သတင်းထောက် ဝင်းနိုင်ဦး ကိုမူ အသက်ရှင်ခြင်းရှိ/မရှိ သက်သေပြနိုင်ခြင်းမရှိ
=========================
နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင်
PDFများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်သား ၁၀ ဦးခန့် ကျည်ဆန်ထိမှန်ကာ သုံးဦးမှာ
ပွဲချင်းပြီး သေဆုံးကြောင်း Mizzima သတင်းဌာန
က အဆိုပါနေ့ရက် ညနေ ၅နာရီ ၃၇ မိနစ်တွင်
ပစ်ခတ်ခဲ့မှု ရုပ်သံအား လူမှုကွန်ရက်စာမျက်နှာပေါ်
တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်ခဲ့မှု ရုပ်သံအား လူမှုကွန်ရက်
စာမျက်နှာပေါ်တွင် Mizzima သတင်းဌာန က
အစောဆုံး ဖော်ပြခဲ့ပြီး အဆိုပါဖော်ပြခဲ့မှုကြောင့်ပင် ပြစ်မှု ကျူးလွန်ခဲ့သော တရားခံ အောင်ကိုဦး
(ခ)ခေါင်းကြီး အပါအဝင် ကင်းထောက်ပေးသူ
တရားခံ(၃)ဦးအား တာဝန်ရှိသူများက လက်ရဖမ်း
ဆီး ရမိခဲ့သည်။
တရားခံများဖြစ်ကြသော အောင်ကိုဦး၏ ထွက်ဆို
ချက်အရ KNLA တပ်မဟာ(၆)တွင် ထွက်ပြေး
တိမ်းရှောင်နေသော ဖမ်းဆီးရန်ကျန် သန်လျင်
မြို့နယ် NLD ပါတီဝင် တရားခံ ဝင်းကို(ခ)စံရှားနှင့်
၎င်းအဖွဲ့ဝင်များအားလုံးသည် KNLA တပ်မဟာ
(၆)နယ်မြေအတွင်း လက်နက်ငယ်သင်ခန်းစာများ၊
ဒရုန်းများတွင် ဗုံးတပ်ဆင်၍ ဖောက်ခွဲ ဖျက်ဆီး
ခြင်းနှင့် အကြမ်းဖက် ဖောက်ခွဲရေး သင်ခန်းစာများ
သင်ယူခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။
တပ်မဟာ (၆) နယ်မြေတွင် မဇ္ဈိမသတင်းထောက်
လုပ်ကြံသတ်ဖြတ်ခံရမှုအား Mizzima ငြင်းဆို
သော်လည်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့သူဟု
သတင်းများထွက်ပေါ်နေသော သတင်းထောက်
ဝင်းနိုင်ဦးကိုမူ အသက်ရှင်ခြင်းရှိ/မရှိသက်သေပြ
နိုင်ခြင်းမရှိဘဲ နယ်မြေခံတာဝန်ရှိသူတဦးက
“ အဲ့သတင်းက ဝါဒဖြန့်တာ၊ဒီမှာက ဘယ်
သတင်းထောက်ကိုမှ မသတ်ခဲ့ဖူး” ဟု တာဝန်ကျေ
ပြောဆိုခဲ့မှုအဖြစ်သာ ဖော်ပြခဲ့သည်။
#ဖိုးစီ
#KT
Post a Comment