ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ BBC အင်တာဗျူးကို ဖတ်ကြည့်တဲ့အခါ ထူးခြားမူ့တချို့ကို တွေ့ရတယ် ...
BBC က အာဆီယံထိပ်သီးအစည်းအဝေးမှာ
နစကဥက္ကဌကို မဖိတ်လို့ အထီးကျန်သလားလို့ မေးတဲ့အခါ...
ဗိုလ်ချုပ်ဇော်မင်းထွန်းက
"မြန်မာနိုင်ငံအနေနဲ့
အထီးကျန်တယ်ဆိုတာ မရှိကြောင်း ...
မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ ရုရှား၊တရုတ်၊အိန္ဒိယနိုင်ငံတွေနဲ့အမြဲ အဆက်အသွယ်ရှိကြောင်း ...
ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ထိုင်း ၊ လာအိုနိုင်ငံတွေနဲ့ အမြဲအဆက်အသွယ်ရှိကြောင်း
အာဆီယံနိုင်ငံတွေထဲမှာလည်း
ကမ္ဘောဒီးယား ၊ ဗီယက်နမ်တို့နဲ့ အမြဲအဆက်အသွယ်ရှိကြောင်း ..." ပြောတယ်
××××××××××××××××××××××××××××××××
ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့
အာဆီယံနိုင်ငံတွေကိုရည်ညွှန်းတဲ့ အထဲမှာထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့နာမည်တွေကို တိုက်ရိုက် ညွှန်းဆိုတယ် ...
ကြည့်ရတာ
အင်ဒို - ပစိဖိတ်အခင်းအကျင်းမှာအရှေ့ယိမ်းနဲ့ အနောက်ယိမ်း နိုင်ငံတွေအကြားက
အက်ကြောင်းကို စတွေ့လိုက်ရသလို ခံစားမိတယ် ...
လက်တလော အာဆီယံအလှည့်ကျဥက္ကဌ
ကမ္ဘောဒီးယား ဆိုရင်လည်း မကြာမတင်ကမှ အတိုက်အခံနိုင်ငံရေးသမားတချို့ကို လွှတ်ပေးခဲ့ပြီး"ဒါဟာ ပြည်ပဖိအားကြောင့် လွှတ်ပေးတာမဟုတ်ဘူး"လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြောခဲ့တာမို့ သူ့ရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ ထင်းထင်းကြီးပေါ်ပေါက်နေတယ် ...
"မြန်မာအရေး" ကြောင့် "ခမာအရေး"ဟာသိပ်မထင်ပေါ်ပေမယ့် ကမ္ဘောဒီးယားပြည်တွင်းရေးကသိပ်မကြာခင် မြန်မာလို ခေတ်မှီလာတော့မယ့်ပုံစံ တွေ့နေရတယ် ...
ဒါ့ကြောင့် ကမ္ဘောဒီးယားဟာ
မြန်မာပြဿနာကို အာဆီယံဥက္ကဌအနေနဲ့ ပြေလည်အောင် ဖြေရှင်းစေချင်တယ်မဟုတ်ရင် သူ့ရှုး သူပြန်ပတ်မယ့် ကိစ္စ ...
ထိုင်းပြဿနာဆိုလည်း
ဘုရင့် ဩဇာနဲ့ ထိုင်းစစ်ဖက် လွှမ်းမိုးမူ့ ဆန့်ကျင်ရေးတွေက
မြန်မာထဲအရှိန်နဲ့ ကူးစက်လာနိုင်လို့ "ပရာရွတ်"အတွက်
ခေါင်းကိုက်နေရတယ် ...
ဒါ့ကြောင့် လက်ရှိမြန်မာအရေးကို ပြေလည်စေချင်တယ်
ဗီယက်နမ်နဲ့ လာအိုက နိုင်ငံရေး တည်ငြိမ်ပေမယ့်
ဗီယက်နမ်က တရုတ်နဲ့ပြေလည်ရေးပြဿနာက တဖက်ရေပိုင်နက်အငြင်းပွားမူ့က တဖုံမို့သူလည်းအခြေအနေကိုကစားနေတာပါပဲ ...
ဗီယက်နမ်ဟာ တရုတ်နဲ့ မသင့်မြတ်ပေမယ့်အခြားအင်အားစု တစ်ခုခုရဲ့အကူအညီကိုယူပြီးပြန် balance လုပ်တာ သိပ်မဖြစ်ချင်လှဘူး ...
ဥပမာ - US ၊ ဩစတေးလျ ၊ ဂျပန်နဲ့ အိန္ဒိယတို့ပါဝင်တဲ့
QUARD အဖွဲ့လို အဖွဲ့တွေနဲ့ သိပ်မလုံးထွေးချင်ဘူး ...
သူ့အဓိက မဟာမိတ်ရုရှားနဲ့လည်း မိတ်မပျက်ချင်ဘူး
ဗီယက်နမ်ဟာ တရုတ်နဲ့ ဆက်စပ်နေတဲ့ မဟာဗျူဟာစီးပွားရေးလုပ်ငန်းကြီးတွေ ရှိနေတယ် ....
လတ်တလော ဗီယက်နမ်ရဲ့ လျှပ်စစ်ရထားဟာလည်း
တရုတ်က တည်ဆောက်ပေးထားတာပါပဲ ...
××××××××××××××××××××××××××××××××
လက်တလော အာဆီယံထဲမှာ
မြန်မာအရေးကို ပြင်းထန်တဲ့ သဘောထားရှိနေတာက
အနောက်ယိမ်း အင်ဒိုနဲ့ စင်္ကာပူ ၊ OIC သဘောထားထင်ဟပ်နေတဲ့ မလေးနဲ့ ဘရူနိုင်းတို့က
အဓိက ဖြစ်နေတယ် ...
အင်ဒိုဟာ US နဲ့ နဂို ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလိုအခု အင်ဒို ပစိဖိတ်အရေးမှာလည်း အင်ဒိုဟာUS နဲ့ အဓိက ထဲထဲဝင်ဝင် ပတ်သက်မူ့ ရှိနေတယ်
မလေးနဲ့ ဘရူနိုင်းဟာ OIC အဖွဲ့ထဲမှာမှ ဘုရင်စနစ် အုပ်စုယိမ်း စော်ဘွားအဖွဲ့တွေဖြစ်သလိုဆော်ဒီ ၊ UAE တို့လို US နဲ့ အဆင်ပြေတဲ့ အနောက်ယိမ်းခါလီဖိတ်အုပ်စုလို့ ဆိုရမယ် ...
အင်ဒို ၊ မလေး ၊ စင်္ကာပူနဲ့ မလေးဒီလေးနိုင်ငံရဲ့အကျိုးစီးပွားတွေ မတူပေမယ့်
တူညီတာက မြန်မာနဲ့ ပတ်သက်ပြီးတော့ရော
တရုတ်ရဲ့ ဩဇာကို ထိန်းချုပ်ဟန့်တားဖို့ အာဆီယံထဲ
US က အဓိက ကစားမယ့် နိုင်ငံတွေ ဖြစ်လာတာ
တွေ့ရတယ် ...
ဒီနိုင်ငံတွေအပေါ် တရုတ်ရဲ့ ဩဇာဟာအထူးတလည် သက်ရောက်နေတာ မဟုတ်ဘူး ...
××××××××××××××××××××××××××××××××××
ဒီနေရာမှာ ဖိလစ်ပင်းဟာ
လတ်တလောမှာကို တရုတ်ရဲ့ ဗိုလ်ကျမူ့ကို ခံထားရသလို
နဂိုကတည်းက အရှေတောင်အာရှရဲ့ တစ်ခုတည်းသော
ရိုမန်ကက်သလစ် တိုင်းပြည်မို့ US ယဉ်ကျေးမူ့တူ အလျင်းသင့်တာ မဆန်းလှပေမယ့် နေရှင်နယ်လ်လစ်ဇ် ဒူတာတေးက မြန်မာ"နစက"ဖက်က ရပ်တည်ပေးနေတာ တွေ့ရပြန်တယ်
တီမောက အင်ဒိုအပေါ် မှီခိုနေရတဲ့ အိမ်ဖြည့်အဆင့်မို့ ထည့်မရေးတော့ဘူး
××××××××××××××××××××××××××××××××××
ဘာဆက်ဖြစ်နိုင်သလဲ
နစက အနေနဲ့ အာဆီယံအကြား ပဋိညဉ်တွေကို မလိုက်နာတာကြောင့်
အဖွဲ့ဝင်နိုင်ငံတွေအကြား သပ်လျိုမူ့တွေ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတဲ့ ပြောကြားမူ့ဟာ သူ့ကို မဖိတ်တာကြောင့် မကျေမချမ်းဖြစ်မူ့သက်သက်ဆိုတာထက် ပိုသာနိုင်တဲ့ အခြေအနေတွေ တွေ့ရတယ်
လက်ရှိ အင်ဒို - ပစိဖိတ်အခင်းအကျင်းဟာ
အာဆီယံအတွင်းမှာကို အနောက်ယိမ်း အုပ်စုနဲ့
အရှေ့ယိမ်း အုပ်စုရယ်လို့ ကွဲထွက်သွားနိုင်သလို
စစ်အေးခေတ် ဘောလ်တစ် နိုင်ငံတွေ အဖြစ်အပျက်တွေနဲ့
ခပ်ဆင်ဆင်တူတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ ယူဆမူ့တွေ
ရှိလာတယ် ...
ဒါဟာ ဒေသတွင်း အာဆီယံရဲ့ စုစည်းမူ့ဘုံဝါဒနဲ့ နိုင်ငံကြီးတွေကို ပြန် Balance လုပ်နိုင်ခြေ
မဟာဗျူဟာ ဟန်ချက်ကို ပျက်သွားစေနိုင်တဲ့အခြေအနေမျိုးပါပဲ ...
××××××××××××××××××××××××××××××××××
ဒီနေ့ပဲ ဂျပန် နဲ့ အာဆီယံဥက္ကဌကမ္ဘောဒီးယားတို့ကမြန်မာကို အာဆီယံဘုံသဘောတူညီချက်ကိုလိုက်ပါဆောင်ရွက်ဖို့ ပူးတွဲ ကြေညာချက်ထုတ်တာဟာ
အာဆီယံအတွင်းအက်ကြောင်းတွေမှာ မြန်မာကိုအစမပြုဖို့ ရည်ရွယ်ဟန်တူတဲ့ ဆူပါဂလူးကပ်လိုဟန်တူတယ် ...
အထူးသဖြင့်
စစ်အေးခေတ်ကာလ အင်ဒိုချိုင်းနားကျွန်းဆွယ်ဘဝ
ပြန်မရောက်သွားကြဖို့ လိုတယ်လေ ...
စစ်အေးခေတ် အစပြုရာ
ဗီယက်နမ် စစ်ပွဲကာလကို ပြန်ကြည့်ရင်မော်ရဲ့ ကမ္ဘာသုံးခု ရည်မှန်းချက် ...
ဆိုဗီယက်ရဲ့ဝါဆောအဖွဲ့အားကောင်းလာမူ့ ...
အိုက်ဆင်ဟောင်ဝါရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ဝါဒ
တွေကြောင့် အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီးတစ်ခုလုံး
ကမောက်ကမ အဖြစ်အပျက်ဆီ ရောက်ခဲ့ရတာ မဟုတ်လား ...
အခုလည်း အင်ဒိုပစိဖိတ် အခင်းအကျင်းကအားပြိုင်လာပြန်ပြီမို့ ဒီအခြေအနေကိုစိုးရိမ်ကြတယ် ...
တကယ်တော့
မြန်မာတွေပဲ သမိုင်းတပတ်လည်နေတာ မဟုတ်ပါဘူး
ကမ္ဘာကြီးလည်း ပုံစံတူသမိုင်းတွေ တပတ်ပြီး တပတ်
လည်နေတာပါ ...
ကမ္ဘာကြီးကိုက အလုံးကြီး မဟုတ်လား ...
"ကမ္ဘာပြားပြီ"ဆိုတဲ့ ပညာရှင်တို့ရဲ့အယူအဆဟာ
ဆယ်စုနှစ်တစ်ခုအတွင်း မြောင်းထဲ ပြန်ရောက်သွားတာကို သံဝေဂယူပြီး ကြည့်နေရတာမျိုးပါ ...
Post a Comment