KNDF မှ ပေးလိုက်သော UN အတွက်သက်သေ

OIC.အနောက်အုပ်စုရဲ့NUGကတဆင့်ပြည်တွင်းPDFများလုပ်ဆောင်ချက်၊ပြည်ပ သံတမန်ရေးလှုပ်ရှားမှု၊လော်ဘီမီဒီညာ များ ဝါဒဖြန့်ချိမှုတွေအရ သူတို့ရည်ရွယ်ချက်ဟာ ဒီမိုကရေစီလူ့အခွင့်အရေး အကြောင်းပြပေမယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့မဟုတ်ဘဲမြန်မာပြည်အ စိတ်စိတ်အမွှာမွှာပြိုကွဲပျက်စီးရေလမ်းကြောင်းပေါ်ရောက်ရှိရေးသာဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။

စစ်အာဏာရှင်အဖြစ်ပုံဖော်နိုင်ဖို့အာဏာဝင်မထိန်းရင်မဖြစ်တော့တဲ့အခြေအနေဆီဖန်တီးခြင်း၊အာဏာထိန်းပြီးနောက်ဆန္ဒပြပွဲများမှတဆင့်ဆူပူအကြမ်းဖက်မှုများဖြစ်အောင် တွန်းတင်ပြီးလုံခြုံရေးတပ်ဖွဲ့များကမပစ်မဖြစ်ပစ်ရတော့မယ့်အခြေအနေရောက်အောင်ဖန်တီးခြင်း၊ဆူပူအကြမ်းဖက်သူတွေကိုပစ်ခတ်လို့ တစ်ယောက်နှစ်ယောက်သေဆုံးသွားရင်အာဇာနည်သူရဲကောင်းများအဖြစ် မြှောက်ပင့်ပြီးစစ်အာဏာရှင်တွေအကြမ်းဖက်သတ်ဖြတ်နေပြီလို့ ဝါဒဖြန့်ပြီး စစ်အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ တိုက်မှရမယ်လို့ သွေးထိုးပေးခြင်း၊လက်နက်ကိုင်တော်လှန်ရေးနည်းဟာ မြန်မာပြည်မှာ မအောင်မြင်နိုင်တဲ့နည်းဆိုတာ သိရက်နဲ့ တိုင်းပြည်ပျက်ဖို့ ရည်ရွယ်ချက်ဖြစ်တဲ့အတိုင်း ပုံသွင်းလုပ်ဆောင်လာခြင်းဟာ အတိုင်းအတာတစ်ခုအထိတော့ ရောက်ရှိနေပြီဖြစ်တဲ့အတွက် အိမ်စောင့်အစိုးရ၊တပ်မတော်နဲ့ ပြည်သူလူထု က အထူးသတိပြု ကာကွယ်တားဆီးကြရမယ့် အချိန်အခါ ဖြစ်ပါတယ်။

NUGက တော် လှန်ရေးကာလ(၂ )နှစ်လို့ ပြောတာဟာ (ဖြစ်တာမဖြစ်တာအပထား)ပြည်ပဆရာ ကြီးများနဲ့ NUG ရေးဆွဲထားတဲ့ ပြည်ဖျက်စီမံချက်ဖြစ်ပါတယ်။စစ်အာဏာရှင်ကျဆုံးရေး အော်ပြီးတပ်မတော်ပြိုကွဲရေး စီမံချက်ဖြစ်တဲ့အတွက် လစ်ဗျား ဆီးရီးယားတို့ထက်ဆိုးမယ့် ပြည်တွင်းစစ်ကြီးဆီ တွန်းပို့တော့မှာဖြစ်ပါတယ်။

တပ်မတော်ပြိုကွဲတာနဲ့ ဒီမိုကရေစီဆိုတာ အိပ်မက်တောင်မက်နိုင်မှာ မဟုတ်ဘဲ ပြည်တွင်းလက်နက်ကိုင်အဖွဲ့ပေါင်းစုံ နယ်မြေလုပွဲအာဏာလုပွဲတွေနဲ့ တစ်နိုင်ငံလုံးပြည်တွင်းစစ်မီးဟုန်း ဟုန်းတောက်သွားမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့မကွေးတိုင်းဂန့်ဂေါထီးလင်းနယ်များမှာ PDFများ နယ်မြေထိန်းခြေကုပ်ယူလာတာတွေ၊အခြေခံအုပ်ချုပ်ရေးအာဏာနယ်မြေတည်ဆောက်လာတာတွေဟာ အချိန်ကြာလာတာနဲ့အမျှအမြစ်တွယ်လာပြီး ရှင်းရခက်လာမှာ ဖြစ်တဲ့အတွက် ကြီးထွားခွင့်မပေးဘဲ အမြန်ဆုံး ရှင်းထုတ်ပစ်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။

နိုင်ငံတော်ရေးရာကိစ္စအားလုံးဟာ အသေးအမွှားပါလို့ပေါ့ဆမရတဲ့အတွက် လစ်ဗျားဆီးရီးယားလို ဖြစ်စရာမရှိပါဘူးလို့ လျှော့တွက်လို့မရဘဲ ဖြစ်နိုင်ခြေအားလုံးကို ကြိုတင်စဉ်းစားစီမံဆောင်ရွက်ထားကြဖို့ လိုပါတယ်။

မြေပြင်မှာ PDFများကအကြောက်တရားနဲ့လူထု အ ပေါ် အာဏာ လွှမ်းမိုးလာခြင်းဟာ သာမန်ရာဇဝတ်မှုလူသတ်မှုတွေပဲလို့ ပေါ့ပေါ့ဆဆ သဘောထားလို့မရဘဲ အာဏာတည်ဆောက် နေတာဖြစ်တယ်ဆိုတာသဘော ပေါက်ဖို့လိုပါတယ်။

#SitNyein

Post a Comment

Previous Post Next Post