Facebook အသုံးပြုခြင်းကြောင့် အမုန်းတရားပိုမိုတိုးပွားလာတဲ့ မြန်မာနိုင်ငံ

Facebook အသုံးပြုခြင်းကြောင့် အမုန်းတရား
ပိုမိုတိုးပွားလာတဲ့ မြန်မာနိုင်ငံ
=================================
- မြန်မာနိုင်ငံမှာ ခံစားနေရတဲ့ ဗုဒ္ဓဘာသာအား
ဖိနှိပ်မှုစော်ကားမှုနှင့် လူမျိုးရေးဆိုင်ရာအကြမ်း 
ဖက်မှုများတွင် Fb ဟာ မီးလောင်ရာလေပင့်သည့် 
အဓိကကြားခံ Media တစ်ခုဖြစ်နေတာ ထင်ရှား
ပေါ်လွင်လှပြီး Hate Speech နှင့် သတင်းအမှား 
(Misinformation)ဖြန့်ဝေခြင်းများကို Fb က 
တိကျစွာစိစစ်ဖော်ထုတ်နိုင်ခြင်းမရှိကြောင်း AP 
သတင်းဌာန၏ ဆောင်းပါးတစ်ပုဒ်က ဆိုပါတယ်။

- Fb သည် အမုန်းစကားများ၊ အကြမ်းဖက်လှုံ့ 
ဆော်မှုများ ရေးသားဖြန့်ဝေခြင်းကို ကိုင်တွယ်နိုင်
ရန် မူဝါဒများ၊ နည်းလမ်းများကြံဆဆောင်ရွက်မည်
ဟု အာမခံထားသော်လည်း ယနေ့အချိန်ထိတစ်ဖက် 
သက်အမြင်ဖြင့် အစိုးရဆန့်ကျင်ရေး အမုန်းစကား
များအား ရည်ရွယ်ချက်ရှိရှိဖြင့် ခွင့်ပြုပေးပြီး တား 
မြစ်ပိတ်ပင်ခြင်းမရှိကြောင်းဟု ဆိုပါတယ်။

- အမုန်းစကား၊ သတင်းအမှားများဖြန့်ဖြူးရာ 
အဓိကနေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံနေရ
ခြင်းမှာ Fb ၏ အဓိကပြဿနာဖြစ်ပြီး Fb အသုံးပြု
သူ ၂၈ သန်းကျော်ရှိသော မြန်မာနိုင်ငံအတွက် 
အလွန်အန္တရာယ်ကြီးမားသည် ဟု ယူဆလို့ရပါ
တယ်။

- ဆောင်းပါးတွင် နမူနာဖော်ပြထားသည့် အမုန်း
စကားများကို လေ့လာကြည့်ပါက တပ်မတော်နှင့် 
နစက ကို ထောက်ခံရေးသားသူ၊ အမျိုးသားရေး
ဝါဒီများနှင့် မျိုးချစ်စိတ်ရှိသူများ၏ Post များကို
သာ တစ်ဖက်သတ် စိစစ်နေပြီး NUG CRPH PDF 
နှင့် မာမူအစွန်းရောက်ဝါဒများကို ထောက်ခံသူများ
ရေးသား ညစ်ညမ်းသောဆဲရေးတိုင်းထွာမှုများ၊ 
အကြမ်းဖက်အားပေးနေမှုများအား၊ သွေးထိုးလှုံ့ 
ဆော်မှုများအား မသိချင်ယောင်ဆောင်၍ ခွင့်ပြု
ပေးလျက်ရှိကြောင်း ဆောင်ပါးတွင် ဖော်ပြထား
ပါသည်။

- ဒါကြောင့် မြန်မာနိုင်ငံတွင် Fb အသုံးပြုခွင့်ကို 
ပိတ်ပင်မလားဆိုတဲ့အချက်က အရေးတကြီးစဉ်း 
စားဆုံးဖြတ်ရမည်ဖြစ်ပြီး မိမိနိုင်ငံ၏ အမျိုးသား
အကျိုးစီးပွားကို ထိခိုက်စေသော လူမှုကွန်ရက်များ
အား ကမ္ဘာ့နိုင်ငံအသီးသီးက တန်ပြန်လုပ်ဆောင်နေ
မှုများမှ အောင်မြင်မှုရှိသော နည်းပညာနှင့် နည်း
လမ်းများကို အသုံးပြုခြင်းဖြင့် တန်ပြန် လုပ်ဆောင်
ထားရန် လိုအပ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါ
သည်။

https://apnews.com/article/technology-business-asia-indonesia-race-and-ethnicity-5ab0b2676354f57ac76debc3e3ea2796

#KT

Post a Comment

Previous Post Next Post