အမေရိကန် သတင်းထောက်Danny fenster လွတ်မြောက်

ဥပဒေချိုးဖေါက်မှုတွေကြောင့် ဖမ်းဆီးခံထားရသူ အမေရိကန်သတင်းစာဆရာ ဒယ်နီရယ်ဖန်စတာကို မြန်မာအစိုးရက ပြန်လွှတ်ပေးလိုက်ပြီလို အမေရိကန်နိူင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအရာရှိအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဘူးသူ ဘယ်(လ်)ရစ်ချက်ဆန် ကပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ဒယ်နီရယ်ကိုဖန်စတာကို မြန်မာအစိုးရက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး သူဟာမကြာခင်မှာ ကာတာနိူင်ငံကနေတဆင့် အမေရိကန်ပြည်ထောင်စုကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်တယ်လို ရစ်ချက်ဆန်က ဖေါ်ပြလိုက်တာဖြစ်ပါတယ်။

"အခုလိုပြန်လွှတ်ပေးလိုက်တဲ့အတွက် ကျွန်တော်တိုအများကြီး ကျေးဇူးတင်ပါတယ် ၊ ဖန်စတာဟာ မကြာခင်မှာ သူချစ်တဲ့ မိသားစုနဲ့တွေ့ဆုံခွင့်ရတော့မှာဖြစ်ပါတယ် ၊ ဒါဟာကျွန်တော်တို မျှော်လင့်ခဲ့တဲ့နေ့တနေ့ဖြစ်ပြီး အဲ့ဒီမျှော်လင့်ချက်အတွက် ခင်ဗျားတိုအားလုံး လုပ်ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်" လိုရစ်ချက်ဆန်က ပြေားကြားခဲ့ပါတယ်။

ဖရန်စတာဟာ ဖရန်တီယာမြန်မာ အွန်လိုင်းမဂ္ဂဇင်းရဲ့ စီစဉ်တည်းဖြတ်သူ အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီး သူ့ကို သတင်းမှားများဖြန့်ချိမှု ၊ တရားမဝင်အသင်းအဖွဲများနဲ့ဆက်သွယ်မှု ၊ ဗီဇာစည်းကမ်းဖေါက်ဖျက်မှု စတဲ့ ပြစ်ဒဏ်တွေနဲ့ ထောင်ဒဏ်(၁၁)ချခံထားရသူဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်ဟောင်း ဘီရစ်ချက်ဆန်နဲ့ နိူင်ငံတော်အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို တွေဆုံအပြီးမှာ အခုလိုပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post