ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည့် အမေရိကန်ဂျာနယ်လစ်ကို လူသားချင်းစာနာထောက်ထားမှု အလေးထားခြင်းကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း န-စ-က ထုတ်ပြန်
ရန်ကုန်၊နိုဝင်ဘာ-၁၅(PeopleMedia)
Frontier Myanmar အွန်လိုင်း မဂ္ဂဇင်း၏ စီမံခန့်ခွဲမှု အယ်ဒီတာဖန်စတာကို လူသားချင်းစာနာထောက်ထားမှု အလေးထားခြင်းကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း န-စ-က၏ ထုတ်ပြန်ချက်အရသိရသည်။
အမေရိကန် နိုင်ငံသား ဖန်စတာသည် ပြီးခဲ့သည့် လပိုင်းက အင်းစိန်ထောင်၌ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံသား ဖန်စတာလွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ဂျပန်မြန်မာချစ်ကြည်ရေး အသင်း ဥက္ကဌ ၊နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ တို့က မေတ္တာရပ်ခံခဲ့သလို ပြီးခဲ့သည့် ရက်ပိုင်းက လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံ၊နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းတို့၏ မေတ္တာရပ်ခံချက်အရ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်တယ်ဆို ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။
ထို့အတူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှု အလေးထားခြင်းကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြင်နှင်ဒဏ်ပေးခဲ့ကြောင်း န-စ-က ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
#PeopleMedia #Frontier_Myanmar_အွန်လိုင်း
Post a Comment