မြန်မာစကားမှာ နတ်လမ်း ဆိုတာ နတ်တွေဖန်ဆင်းပေးတဲ့လမ်းလို့သာ အနက်ရှိတယ်လို့ ထင်ကြရင်တော့ မြန်မာစကား ကောင်းကောင်းမတတ်တဲ့ ဂြိုဟ်သားတွေလို့ပဲ ခေါ်ရတော့မလို ဖြစ်နေပြီ။
နတ်လမ်း အခေါ်အဝေါ်ဆိုတာ ဘုရားကိုသွားတဲ့ ဘုရားစောင်းတန်းကလမ်း၊ ဘုန်းကြီးကျောင်းမုခ်ဦးကနေ ကျောင်းထဲကို ဝင်တဲ့လမ်း၊ ဘုန်းကြီးကျောင်းထဲက ဘုရား၊ သိမ် စတာတွေကိုသွားတဲ့လမ်းတွေကို နတ်လမ်းလို့ ခေါ်ကြတယ်။
မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ဘုရားရှိတဲ့ တောင်ပေါ်ကိုတက်တဲ့ စောင်းတန်းတွေ၊ ဘုန်းကြီးကျောင်း မုခ်ဦးကနေ ကျောင်းထဲ ဝင်တဲ့လမ်းတွေ၊ ကျောင်းထဲမှာ သိမ်ကို သွားတဲ့ လမ်းတွေမှာ ဘေးမှာ ထိုင်ခုံလေးတွေနဲ့၊ အုတ်ခင်းလမ်းနဲ့၊ အမိုးနဲ့ပြုလုပ်ထားလေ့ရှိတယ်။
အဲဒီမှာ အလှူရှင်နာမည်တွေကို ကမ္ဗည်းထိုးရင် ဥပမာ နတ်လမ်းအလှူရှင် ဦးအောင်မြင့်+ဒေါ်မြမြ သား ဘယ်သူဘယ်ဝါကောင်းမှု ဆိုပြီး
ကမ္ဗည်းထိုးတာတောင်ရှိတယ်။
ဥပုသ်နေ့လို နေ့မျိုးမှာ ကျောင်းပေါ်မှာ ကလေးတွေဆော့ရင် "ဟဲ့ကလေးတွေ နတ်လမ်းထဲသွားဆော့ချေ" လို့ လူကြီးတွေက ငေါက်တာမျိုးရှိတယ်။
မြန်မာဓလေ့ မြန်မာစကားမှာ ဘုရားကိုသွားတဲ့လမ်း၊ ကျောင်း၊ သိမ် ကိုသွားတဲ့ လမ်းတွေကို နတ်လမ်းလို့ ခေါ်ပါတယ်။
နတ်တွေဖန်ဆင်းတာ ဘာညာတွေနဲ့ ဘာမှကို
မဆိုင်ဘူး။
မြန်မာဓလေ့ မြန်မာစကားတောင် နားမလည်ဘဲ မြန်မာစာတိုးတက်အောင် ခင်ဗျားတို့ ဘယ်လိုတွေ လုပ်ကြမှာတဲ့တုန်း။
Credit-ကိုစျာန်သစ်အောင်
Post a Comment