ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေကို ဒီဇင် ဘာ ၁ ရက်နေ့ကစပြီး ဩစတေးလျ လက်ခံမည်
ဩစတေးလျဟာ ကာကွယ်ဆေးအပြည့်ထိုးထားသော အရည်အချင်းပြည့်မှီတဲ့ ဗီဇာကိုင် ဆောင်သူတွေကို ခရီးသွားခွင့်လျှောက်ထားရန်မလိုပဲ ဒီဇင်ဘာ ၁ရက်စပြီး ဝင်ရောက်ခွင့်ပြုမည်ဟု ဩစတေးလျဝန်ကြီးချုပ် Scott Morrison က ပြောပါတယ်။
အရည်အချင်းပြည့်မှီတဲ့ ဗီဇာကိုင်ဆောင်သူတွေထဲမှာ ကျွမ်းကျင်လုပ်သားများ၊ကျောင်း သားများစတာတွေပါဝင်ပါတယ်။
"ဒီနေ့လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေဟာ ကျွန်တော်တိုရဲ့စီးပွါးရေး ပြန်လည်ဦးမော့လာဖို၊ဒီနေ့လျှောက်လှမ်းနေတဲ့ခြေလှမ်းတွေဟာ ဩစတေးလျနိုင်ငံသားတွေအတွက် မျှော်လင့်နေတဲ့ခြေ လှမ်းတွေ၊ဒီနေ့လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေဟာ ဩစတေးလျကို ရှေ့တိုးဖိုအတွက်ပါပဲ" လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
"ဒါဟာ ဩစတေးလျနိုင်ငံသားတွေ တတ်နိုင်သမျှ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အဓိကမှတ်တိုင် ၁ခုပါ" လို့လည်း သူကပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတွင်းမှာ ဩစ တေးလျနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူတွေကိုသာ နေထိုင်ခွင့်ပြုပြီး နယ်စပ်တွေကို ၂၀၂၀ခုနှစ်၊မတ်လမှာ စပိတ်ခဲ့ပါတယ်။
အဲ့ဒီ့အချိန်ကစပြီး ယာယီရွှေ့ပြောင်းနေထိုင်သူ
၅၀၀,၀၀၀ ကျော်ဟာ နိုင်ငံတွင်းကနေထွက်ခွါသွားခဲ့ကြောင်း ဩဂုတ်လလွှတ်တော်အစီရင်ခံစာအရ သိရပါတယ်။
ကျွမ်းကျင်ရွှေ့ပြောင်းလုပ်သားများနည်းပါးခြင်း၊အလုပ်လက်မဲ့နည်းပါးခြင်းတို့နဲ့အတူ ဩစ တေးလျစီးပွါးရေးရဲ့ကဏ္ဍများစွာမှာ ကျွမ်းကျင်မှုတွေပြတ်တောက်တာတွေဖြစ်ပေါ်စေခဲ့တယ်လို့ ပါလီမန်အမတ်တစ်ဦးကပြောပါတယ်။
ကန့်သတ်ချက်တွေရုပ်သိမ်းလိုက်တဲ့နောက်ပိုင်း ဒီဇင်ဘာ ၁ရက်နေ့မှာတော့ အရည်အချင်းပြည့်မီတဲ့ ဗီဇာကိုင်ဆောင်သူ ၂၀၀,၀၀၀ ခန့်ကို လက် ခံဖိုမျှော်လင့်ထားပြီး ဒီအရေအတွက်ထက်လည်းများနိုင်တယ်လို ဩစတေးလျပြည်ထဲရေးဝန်ကြီး Karen Andrew က ပြောပါတယ်။
ဒီဇင်ဘာ ၁ရက်နေ့ကစပြီး ဝင်ရောက်လာမယ့် ခရီးသွားတွေဟာ ၄င်းတိုဖြတ်သန်းဝင်ရောက် သည့်ပြည်နယ်ပေါ်မူတည်ပြီး သက်ဆိုင်ရာ ကွာရန်တင်းအစီအစဉ်တွေကို လိုက်နာရမှာဖြစ်ပါတယ်။
New South Wales နဲ့ Victoria တို့လိုပြည်နယ် တွေမှာတော့ ကာကွယ်ဆေးအပြည့်ထိုးပြီးသားခရီးသွားတွေအနေနဲ့ မဖြစ်မနေကွာရန်တင်းဝင် မလိုအပ်တော့ပါဘူး။
Post a Comment