ရန်ကုန် - ပုသိမ်လမ်းရှိ ကျူးကျော်နေအိမ်များကို သက်ဆိုင်ရာမှ ထပ်မံရှင်းလင်း

…………………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၁ (People Media) 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်အိမ်များကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာမှ ထပ်မံ ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။

အလားတူ အောက်တိုဘာ ၂၈ ရက်နေ့က လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီး ကျူးကျော်အိမ်များကို ဖယ်ရှားခဲ့သလို လက်ရှိ၌ ရန်ကုန် - ပုသိမ်လမ်းရှိ ကျူးကျော်များကို ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း သိရပါ တယ်။

ပြီးခဲ့သည့်ရက်ပိုင်းက အိမ်များအား ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း အမိန့်စာထုတ်ပြန်ခဲ့သော်လည်း ဖယ်ရှား ခြင်းမရှိသည့် နေအိမ်များကို ယမန့်က ထပ်မံ၍ ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် အစိုးရလက်ထက်က ကောက်ယူခဲ့သော ကျူးကျော်အိမ်ထောင်စုဦးရေအရ ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျူးကျော်နေထိုင်သူ အိမ်ထောင်စုဦးရေ ၅ သောင်းခန့်ရှိပြီး ၎င်းစာရင်းအရ ကျူးကျော်နေထိုင်သူ အများစုသည် လှိုင်သာယာမြို့နယ်တွင်ရှိကြောင်း သိရပါတယ်။

#PeopleMedia #လှိုင်သာယာ #ကျူးကျော်

(unicode)

Post a Comment

Previous Post Next Post