ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Bill Richardson မြန်မာနိုင်ငံကိုယနေ့ ရောက်မည်
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ရေးကော်မတီအကြံပေး အဖြစ် တာဝန်ယူခဲ့သူ ၊သမ္မတ ဘီလ်ကလင်တန် လက်ထက်က စွမ်းအင်ဝန်ကြီး Bill Richardson မြန်မာနိုင်ငံကို ရောက်မည် ဟု ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။
Bill Richardson အနေဖြင့် သူ၏ခရီးစဉ်တွင် ကိုဗစ် ကိစ္စ ပြည်သူ့ကျန်းမာရေး အပြင် လူသားချင်းစာနာမှုဆိုင်ရာကိစ္စ အကူအညီပေးရေးများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါဌာန၏ တာဝန်ရှိသူကပြောသည်။
အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres လည်း သိရှိကြောင်း AP သတင်းတွင်ရေးသားထားသည်။ မစ္စတာ ရစ်ချက်ဆန် - Bill Richardson သည် စပိန်စကားပြော နွယ်ဖွားများအနက် အအောင်မြင်ဆုံး၊ အထင်ရှားဆုံး ဝါရင့် နိုင်ငံရေးသမား တစ်ဦး ဖြစ်ကြောင်းလည်း မီဒီယာသမားများက ရေးသားကြသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ယခုရက်ပိုင်းအတွင်း ဆက်ဆံရေး စိပ်လာနေသော နစက အနေဖြင့် မည်သည့် သတင်းကိုမှ အသေးစိပ် ထုတ်ပြန်မူ့ကိုမတွေ့ရသေးပေ။
Website တွင်ဖတ်ရှုရန် >> https://wp.me/paRxJm-glw
Post a Comment