ရန်ကုန်တိုင်းအတွင်း မြို့နယ်အတော်များများတွင် မီတာမဆောင်သည့် အိမ်များ မီးဖြတ်ခံရ၊ အခုမှ မီတာလာဆောင်သူများကို နောက်ကျကြေး ဒဏ်တပ်

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ၃၈လမ်းတွင် ယမန်နေ့ နိုဝင်ဘာလ ၉ ရက်က မီတာမဆောင်သည့် အိမ်သုံး လျှပ်စစ်မီးများကို ကျောက်တံတားမြို့နယ် လျှပ်စစ်ရုံး (EPC) တာဝန်ရှိသူများက လာရောက်မီးဖြတ်တောက်သွားခဲ့ကြောင်း အဆိုပါလမ်းအတွင်းရှိ မီးဖြတ်ခံရသည့် မြို့ခံများထံမှ သိရသည်။
"မနေ့က မနက်ပိုင်း ၈နာရီ၊ ၉နာရီလောက်ထဲက မီးလိုက်ဖြတ်နေတာ၊ တစ်လမ်းလုံးနီးပါးပဲ။ တစ်ချို့အိမ်တွေကျတော့လည်း လာဆောင်မယ် ပြောလိုက်လို့ မဖြတ်သွားတဲ့အိမ်တွေလည်း ရှိတယ်။ အိမ်တော်တော်များများတော့ ဖြတ်သွားတယ်။ လာဖြတ်တော့ စစ်သားတွေတော့ မပါဘူး။ မီတာရုံးက ဝန်ထမ်း ခုနှစ်ယောက်လောက်နဲ့ လာဖြတ်တာ"ဟု ကျောက်တံတားမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

မီတာဆောင်ရာတွင် သုံးလကျော်ကြာ မီတာ မပေးဆောင်ထားသည်ကို တွေ့ရှိပါက ငွေကျပ် ၄,၀၀၀ မှ ၁၂,၀၀၀ ကျပ် အထိ ဒဏ်ငွေတပ်ခံနေရကြောင်း မီတာသွားဆောင်သည့် မြို့ခံပြည်သူများထံက သိရသည်။ 

အိမ်သုံးအတွက် ကျပ် ၄,၀၀၀ နှင့် လုပ်ငန်းသုံးအတွက် ကျပ် ၁၂,၀၀၀ ကို မင်နီဖြင့်ရေးကာ ဒဏ်ကြေးကောက်ခံသည်

မီတာကျသင့်သည့် လများအတွက် မီတာစာရွက် အစုံရှိသူများကို ကျသင့်ငွေ၏ တစ်ဝက်ကို ပေးဆောင်ခွင့်ပြုသော်လည်း မီတာစာရွက်အစုံမရှိသူများအား ကျသင့်ငွေ အကုန်ပေးဆောင်စေကြောင်း မြို့ခံများထံက သိရသည်။ 

"မီတာခကို တစ်ချို့က ခွဲပြီးဆောင်တယ်။ အရင်မီတာစာရွက်တွေကို ပြနိုင်ရင် တစ်ဝက်ဆောင်လို့ရတယ်၊ စာရွက်မရှိတော့ရင်တော့ မရဘူး။ တစ်ချို့က စာရွက်တွေလွှင့်ပစ်လိုက်တယ်လေ။ အရင်မီတာတွေ မဆောင်ရသေးပေမယ့် လက်ထဲမှာ နောက်ဆုံးလအတွက် ကျသင့်တဲ့ မီတာစာရွက်ပဲရှိတဲ့သူတွေက ငွေတစ်လုံးထဲ လအားလုံးစာ ပေးရတယ်"ဟု ကျောက်တံတာမြို့နယ်က မြို့ခံတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် လုပ်ငန်းသုံးမီတာခများ ကျပ်ငါးသိန်းနှင့် အထက် ကျသင့်နေပါက မီးလိုက်လံဖြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။

ကျောက်တံတားမြို့နယ်က မြို့ခံတစ်ဦးကလည်း "ကျွန်တော်တို့ကအိမ်ငှားတွေပါ။ မပေးနိုင်လို့ ခွဲဆောင်ရပါတယ် " ဟု ပြောသည်။

အခြားမီးဖြတ်တဲ့မြို့နယ်များကတော့ ပုဇွန်တောင် ရေကျော်၊ 
ဆိပ်ကမ်းသာလမ်း( က ပြီးခဲ့တဲ့လ 25 ရက်က မီးလာဖြတ်သွားပါတယ် ခုထိမဆောင်ကြသေး)၊ Merchant Tower၊ မင်္ဂလာဒုံ ၂/က ရပ်ကွက်၊ သဃ်န်းကျွန်းစတာတွေ မီးတွေ ဖြတ်ပြီး

#kk

Post a Comment

Previous Post Next Post