မြန်မာနိုင်ငံမှာလူနည်းစုအရေးကို ဖိအားပေါင်းစုံနှင့်ရင်ဆိုင်နေရချိန်မှာ လူများစုအရေး အများကြီးထိခိုက်နစ်နာနေရ

မြန်မာနိုင်ငံမှာလူနည်းစုအရေးကို ဖိအားပေါင်းစုံနှင့်ရင်ဆိုင်နေရချိန်မှာ လူများစုအရေး အများကြီးထိခိုက်နစ်နာနေရပြီ။နိုင်ငံတော်အနေဖြင့် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် "နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်"ဟုအသိအမှတ်ပြုထားသည့်သာသနာကို ပုဒ်မ ၃၆၁ ပါပြဌာန်းချက်|ပုဒ်မ ၃၆၃နှင့်အညီ ကူညီစောင့်ရှောက်ရန်လေးစားစွာ တောင်းဆိုပါတယ်။အရေးပေါ်ကာလဖြစ်သည်နှင့်အညီ ပုဒ်မ ၃၆၄ ပါ ပြဌာန်းချက်အရ ထိရောက်ဟန့်တားနိုင်စေရန် နောင်ကျဉ်ထိရောက်မည့် ပြစ်ဒဏ်များ သီးခြားချမှတ်နိုင်ပါရန် လေးစားစွာတင်ပြတောင်းဆိုလိုက်ပါတယ်။အလုံးစုံပျက်သုန်းရေးကို လုပ်ဆောင်နေတဲ့အဖွဲ့အစည်းက  ခြိမ်းခြောက်လုပ်ဆောင်နေတာကို ငုံ့ခံနေရင် အလုံးစုံပျက်စီးသွားမှာပဲ။ဒီမိုကရေစီအသွင်ကူးပြောင်းဆဲမြန်မာမှာ နိုင်ငံတဝန်း မှာ ရဟန်းသံဃာတော်တွေ လုပ်ကြံခံရတဲ့ဖြစ်စဉ်တွေကအင်မတန်ဝမ်းနည်းစိတ်ထိခိုက်ဖွယ်တုန်လှုပ်ဖွယ်ရာကောင်းတယ်။ရဟန်းပြည်သူရှင်လူတစ်ရပ်လုံး၏ကိုယ်စိတ်နှလုံး ညှိုးနွမ်းထိခိုက်စေတဲ့ရဟန်းမစားရသောဆွမ်းတစ်နပ်ဖြစ်စဉ်အပါအဝင် နိုင်ငံအဝန်းမှာရဟန်းသံဃာတော်တွေကို အသက်သေသည်အထိ လုပ်ကြံခံရတဲ့ဖြစ်စဉ်တွေကနိုင်ငံတွင်းရှိသာသနာတခုကိုရည်ရွယ်ချက်ရှိရှိ ချေမှုန်းပြီဆိုတာ သိနိုင်မြင်နိုင်ကြပါစေ။မြန်မာနိုင်ငံမှာလူနည်းစုအရေးကို ဖိအားပေါင်းစုံနှင့်ရင်ဆိုင်နေရချိန်မှာ လူများစုအရေး အများကြီးထိခိုက်နစ်နာနေရပြီ။

ဒါကို တုန့်ပြန်ကာကွယ်ရန်သာသနာကိုသက်ဝင်သူတစ်ဦးချင်းစီတိုင်းရဲ့သာသနာ့တာဝန်ပါ။အာဏာရှိစဉ်မှာသာသနာကိုဖိနှိပ်စက်တယ်။အာဏာမဲ့တော့သာသနာကိုချေမှုန်းတယ်။ရိုးရိုးလေးပဲ။"သူတို့ဖက်ကဇွန်လတုန်းကထုတ်ပြန်ခဲ့တဲ့ရခိုင်ပြည်နယ်ဖြေရှင်းရေးကိစ္စမှာ အနာဂတ်ဖက်ဒရယ်ဒီမို‌ကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင်လည်း ပြန်လည်ကုစား‌ရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးတိုပါဝင်လာစေရန် သေချာစွာ လုပ်ဆောင်သွားမည်။"ဆိုပြီး သူတို့ရေးဆွဲမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေမှာကမ္ဘာကျော်လူနည်းစုအရေးထည့်သွင်းဖို့ ကတိကဝတ်ပြုထားပါတယ်။ကောင်းပြီ။ဒီတော့ ဒါတွေကို ဒီအတိုင်း ငုံ့ခံနေကြမှာလား။ဘာလုပ်ကြမှာလဲ။ငုံ့ခံနေရင်တော့ စစ်မရှုံးပဲ လူမျိုးနှင့်သာသနာပျောက်မယ် ။ဒါက မြေကြီးလက်ခတ်မလွဲပဲ။စဉ်းစားကြပါ။စည်းလုံးကြပါတော့။ညီညွှတ်ကြပါတော့လို့မေတ္တာရပ်ခံပါတယ်။ကိုးကွယ်ယုံကြည်မှုဆိုင်ရာကိစ္စတွေကိုတော်ရုံဝင်မပြောဘူး။ရှောင်တယ်။သို့သော်ဒီနေ့ဘာကြောင့်ဝင်ပြောရတာလဲဆိုတော့ သာသနာကအန္တရာယ်ကြုံနေရတဲ့အရေး|နိုင်ငံသားလူများစုအရေး| မြန်မာအမျိုးသားရေးမို့ ဝင်ပြောပါတယ်။မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းကျင့်သုံးနေတာဖြစ်သည်နှင့်အညီ မည်သည့်ခွဲခြားမှုမှမရှိပဲ၂၀၀၈ခုနှစ်အခြေခံဥပဒေပုဒ်မ ၃၆၂တွင် နိုင်ငံအတွင်းရှိ ဘာသာလေးခုတို့ကို အတိအလင်း အသိအမှတ်ပြုဌြာန်းထားပါကြောင်းအသိပေးလိုပါတယ်။

လေးစားလျက်
နန်းမြမြမီမီဇော်

Post a Comment

Previous Post Next Post