နှောင့်ယှက်မှုမျိုးစုံတို့ကြားမှ သင်ကြားပေးနေသော ဆရာ၊ ဆရာမများကို ချီးကျူးဂုဏ်ပြုကြောင်းနှင့် လုံခြုံရေး အထူးကြပ်မတ်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသည့်
စာသင်ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့်ကာလနှင့် လက်ရှိသင်ကြားနေသည့်ကာလတွင် မိမိတစ်ပါတီ ကောင်းစားရေးကိုသာ ရှေးရှု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ မတရားအသင်းအဖွဲ့များ စသည့်အဖွဲ့များသည် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် Social Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင်ခြင်းများအပြင် စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းများအပြင် ဆရာ၊ ဆရာမများကို စာပေသင်ကြားမှုမပြုနိုင်စေရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများသာမက အချို့ အသက် သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အခက်အခဲ၊ အကြပ်အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံတို့ကြားမှ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမ များအနေဖြင့် ဆရာဟူသည့် မွန်မြတ်လှသည့် ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သည့်စိတ်ထားများဖြင့် နိုင်ငံ့အတွက် ပညာတတ် လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရေး ရှေးရှု၍ သင်ကြားရေးတာဝန်များကို မလစ်ဟင်းရအောင် အားကြိုးမာန်တက် ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါဟု ဖော်ပြထားသည်။
နိုင်ငံ့အနာဂတ် ရင်သွေးငယ်များ၏ စာပေပညာ တတ်မြောက်ရေး၊ ပညာရည် မြင့်မားရေးအတွက် အခက်အခဲမျိုးစုံကြားမှ သင်ကြားရေးတာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘ ပြည်သူများအနေဖြင့်လည်း ရပ်ရွာအေးချမ်းသာယာရေး၊ ကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိထားကာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
crd
Post a Comment