ပြစ်မှုသံသယတရားခံ ၅၂ ဦးကို ကဘူးလ်တွင်ဖမ်းဆီး

ပြစ်မှုသံသယတရားခံ ၅၂ ဦးကို ကဘူးလ်တွင်ဖမ်းဆီး

ကဘူးလ်၊ နိုဝင်ဘာ ၅

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ပြစ်မှုသံသယတရားခံ ၅၂ ဦးကို တစ်ပတ်အတွင်းဖမ်းဆီးခဲ့ကြောင်းသိရသည်။ ထိုသို့ဖမ်းဆီးခဲ့ခြင်းကို အစိုးရပိုင် ဘတ်ထာ သတင်းဌာနက ယနေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်း သံသယတရားခံများတွင် လက်နက်များလက်ဝယ်ထားရှိမှု၊ လက်နက်ကိုင်လုယက်မှု၊ မူးယစ်ဆေးဝါးမှုများအပါအဝင် အမှုအခင်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကဘူးလ်မြို့တော်၏ တည်ငြိမ်အေးချမ်းမှုကို တိုးမြှင့်ရန်အတွက် လုံခြုံရေးအစီအအစဉ်များကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာလီဘန်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၄ ရက်နေ့က ကြေညာခဲ့သည်။

ကိုးကား
52 suspected criminals arrested in Afghan capital

Post a Comment

Previous Post Next Post