ကိုဗစ်ကုသည့် သောက်ဆေး ဗြိတိန်တွင် ပထမဆုံး သုံးစွဲခွင့်ပြု
လန်ဒန်၊ နိုဝင်ဘာ ၅
အမေရိကန်ပြည်ထောင်စု Merck and Ridgeback Biotherapeutics ဆေးဝါးထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် မိုလ်နူပီရာဗီရာ(Molnupiravir) ဟူသည့် COVID-19 ရောဂါ ကုသသည့် သောက်ဆေးကို ဗြိတိန်နိုင်ငံတွင် သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဗြိတိန်ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်လိုက်သည်။ COVID-19 ရောဂါ အပျော့စားနှင့် အလတ်စားဖြစ်နေသည့် အရွယ်ရောက်ပြီးသူများကို ယင်းဆေးဖြင့် ကုသနိုင်ရန်ဖြစ်သည်။
ထို့ကြောင့် ဗြိတိန်နိုင်ငံသည် ကိုဗစ်ဆိုင်ရာသောက်ဆေးကို ကမ႓ာပေါ်တွင် ပထမဆုံး အသုံးပြုခွင့်ပေးသည့် နိုင်ငံဖြစ်လာခဲ့သည်။
အဆိုပါဆေးကိုထုတ်လုပ်သည့် ကုမ္ပဏီကမူ ယင်းဆေးသည် COVID-19 ကြောင့် ဆေးရုံတက်ရခြင်းနှင့် သေဆုံးခြင်းတို့ကို တစ်ဝက်အထိ လျှော့ချပေးနိုင်ကြောင်း ပြီးခဲ့သည့်လကဆိုထားသည်။
COVID-19 ကုသသည့် သောက်ဆေးသည် ကပ်ရောဂါကူးစက်ပြန့်နှံ့မှုအပေါ် ကြီးစွာသောပြောင်းလဲမှုဖြစ်လာစေနိုင်ကြောင်း သုတေသီများက မှတ်ချက်ပြုသည်။
ဗြိတိန်တွင် COVID-19 ကူးစက်မှုသည် များစွာလျော့ကျခြင်းမရှိသေးပဲ နိုဝင်ဘာ ၄ ရက်နေ့က ကူးစက်သူအသစ် ၃၇၂၆၉ ဦးစစ်ဆေးတွေ့ရှိခဲ့သည်။
ကိုးကား
UK becomes first to authorize Merck and Ridgeback Biotherapeutics' antiviral molnupiravir to treat mild-to-moderate Covid-19
Post a Comment