ဖိနပ်မချွတ်ရင်အမေရိကန်သမ္မတကိုရွှေတိဂုံဘုရားပေါ်တက်ခွင့်မပြုခဲ့တဲ့ဦး၀ဏ္ဏမောင်လွင်

ဖိနပ်မချွတ်ရင်အမေရိကန်သမ္မတကို
ရွှေတိဂုံဘုရားပေါ်တက်ခွင့်မပြုခဲ့တဲ့
ဦး၀ဏ္ဏမောင်လွင်
----------------------------------------------------
၂၀၁၂ ခုနှစ် နို၀င်ဘာလမှာ 
အမေရိကန်သမ္မတအိုဘားမား 
မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်မှာ
ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် တစ်ခုပါ။

ခရီးစဉ်အတွက် နှစ်ဖက်တာ၀န်ရှိသူတွေ
ဆွေးနွေးကြတဲ့အခါ ရွှေတိဂုံဘုရားပေါ် တက်မယ့်
အစီအစဉ်လည်း ပါ၀င်ခဲ့ပါတယ်။

အမေရိကန်တွေဘက်က 
သမ္မတရဲ့ကိုယ်ရံတော်အဖွဲ့ဟာ လုံခြုံရေးအရ 
ဖိနပ် မချွတ်နိုင်ဘူးလို့ ဆိုလာပါတယ်။ 
နိုင်ငံခြားရေး၀န်ကြီးဖြစ်တဲ့ဦး၀ဏ္ဏမောင်လွင်က ဖိနပ်မချွတ်ရင် ရွှေတိဂုံဘုရားပေါ်ကို 
တက်ခွင့်မပြုနိုင်ဘူးလို့ ပြတ်ပြတ်သားသား 
တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် 
အိုဘားမားရဲ့ခရီးစဉ်မှာ ရွှေတိဂုံဘုရားပေါ်
တက်မယ့်အစီအစဉ် ပါမလာခဲ့ပါဘူး။

ဒါပေမယ့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ
နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံဆွေး‌နွေးမှု
ပြီးခါနီးမှာ အမေရိကန်သမ္မတအိုဘားမားက
ရွှေတိဂုံဘုရားကို ရန်ကန်တိုင်းအစိုးရအဖွဲ့ရုံးအ၀င်မှာ တွေ့ရတော့ အရမ်းဖူး‌မြော်ချင်စိတ်ဖြစ်မိလို့
နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေနဲ့
ရွှေတိဂုံဘုရားပေါ် တက်ရောက်ဖူး‌မြော်နိုင်အောင်
စီစဉ်ပေးနိုင်မလားလို့ တောင်းဆိုခဲ့ပါတယ်။

ဒီလိုပြောလိုက်တာဟာ 
အမေရိကန်သမ္မတအိုဘားမားအနေနဲ့
ဖိနပ်မချွတ်လို့ ရွှေတိဂုံ‌ဘုရားပေါ်တက်မယ့်
အစီအစဉ်မပါဘူးဆိုတာ သိထားတာကြောင့်
ဖိနပ်ချွတ်မယ်လို့ သဘောတူညီလိုက်တာ
ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က
ဦး၀ဏ္ဏမောင်လွင်ကို လှမ်းကြည့်ပြီး
ဖြစ်နိုင် မဖြစ်နိုင် သဘောထားတောင်းတဲ့အခါ
ဦး၀ဏ္ဏမောင်လွင်က ပြည်ထဲရေး၀န်ကြီးဖြစ်တဲ့
ဒုတိယဗိုလ်ချုပ်ကြီးကိုကို ကို လုံခြုံရေးအတွက်
ချက်ချင်း ဖြစ်နိုင်လား မေးပြီး ဖြစ်နိုင်တာကြောင့်
တက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ရွှေတိဂုံဘုရား
မြောက်မုဒ်မှာ အမေရိကန်သမ္မတအိုဘားမားကိုယ်တိုင် ဖိနပ်ချွတ်ပြီး ‌
တ‌က်ရောက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်သမ္မတကိုတောင်
ရဲရဲတင်းတင်း တုံ့ပြန်ခဲ့တဲ့ဦး၀ဏ္ဏမောင်လွင်လို
ပြတ်ပြတ်သားသား ဆုံးဖြတ်တုံ့ပြန်ရဲတဲ့
နိုင်ငံခြားရေး၀န်ကြီးမျိုး နိုင်ငံအတွက် ရှိနေတာလေးစားစရာပါ

Crd:

Post a Comment

Previous Post Next Post