သွေးပျက်လောက်တဲ့ အကွက်

သွေးပျက်လောက်တဲ့ အကွက်
====================

           မြန်မာအတွက် အာဆီယံအစည်းအဝေးကို ခုတုံးလုပ်ပြီး ဖိနှိပ်ဖို့ ကြံစည်နေတဲ့ အမေရိကန် နဲ့ အိုအိုင်စီ တို့ရဲ့ အကြံယုတ်ကို ဘယ်လို တန်ပြန်မလဲ အဆင်မှ ပြေပါ့မလား ဆိုတာ နိုင်ငံရေး လေ့လာသူတွေ စိုးရိမ်နေခဲ့ကြရပါတယ် ။

       အမျိုးသားနိုင်ငံရေးသမား ဆရာသမားကြီးတွေကတော့ သူတို့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး အကြံကောင်းတွေ ပေးနေသလို အတွင်းစည်းကနေ ဆရာမကြီး ဒေါ်ရင်ရင်နွယ် နဲ့ ချင်းဆရာကြီးဆလိုင်းတို့လည်း တိုင်းပြည်အတွက် လူမသိ သူမသိ ပြည်ပခရီးစဉ်တွေ ထွက်ပြီး ခံစစ်ပြင်နေကြပါတယ် ။

           အမေရိကန်ကတော့ ဘယ်လို ဥာဏ်ကြီးရှင် ပေးလိုက်တဲ့ အကြံလည်းမသိပါဘူး မြန်မာကို ဖမ်းခြင်း ဆိုတဲ့ မထော်မနန်း ခေါင်းစဉ်တပ်ပြီး နေတိုးနဲ့ စစ်ရေးလေ့ကျင့်သတဲ့ ။

        အဲဒီ သတင်းကြားတော့  အင်အား ၅၀၀၀၀ ပဲ ရှိတဲ့ စက်သေနတ် နဲ့ ငှက်ပျောဖူးပဲ ရှိပြီး ရဟတ်ယာဉ်တောင် မမောင်းတတ်တဲ့ တာလီဘန်တွေကို အင်အား ၃ သိန်း ကျော် နဲ့ တိုက်ရင်း ခွေးပြေးဝက်ပြေး ထွက်ပြေးထားရတဲ့ အမေရိကန် အစွမ်းကို သိနေတော့ မြန်မာဗိုလ်ချုပ်ကြီးတွေ ရီလိုက်ကြတာ လက်ဖက်ရည်တောင် သီးကုန်တယ် ဆိုပဲ ဗျ ။

       မြန်မာဆိုတာ ဘိုးဘေးအစဉ်အဆက်က စစ်တိုက်လာရတဲ့ အမျိုးကိုးဗျ ။ အဲဒီလို ကြောက်မလားလို့ ကလေးကွက်နဲ့ ဖြဲနေတဲ့ အချိန်မှာ အမေရိကန်တပည့် ဘရူးနိုင်း က ဇောင်းထလာတယ် ။

      သူတပါးနိုင်ငံလာပြီး ဟိုဟာလုပ်ပေး ဒီလို လိုချင်တယ်နဲ့ မြန်မာနိုင်ငံကိုများ သူ့နှမပေးထားတဲ့ ယောက္ဖနဲ့ မှားပြီး တောင်းဆိုသတဲ့ ။ မလိုက်လျောဘူး ဆိုတော့ သူကျင်းပမယ့် အစည်းအဝေး မတက်ရတဲ့ သူတို့ဖိတ်တဲ့သူကိုပဲ တက်ခိုင်းမတဲ့ ။

......ဒီကြားထဲ တရုတ်က မြန်မာကို အထာကိုင်ပြီး နယ်စပ်တွေ ပိတ်တယ် တဲ့ ။ နစက ကလည်း ပိတ်ပေါ့ ဘာမှ မတောင်းဆိုဘူး အေးဆေးပဲ နေပြလိုက်တယ် ။ တရုတ်တို့လည်း ခါတိုင်းဆို ပြန်ဖွင့်ဖို့ တောင်းဆိုနေကြ ဒီကောင်တွေ ဘာလဲ ဟ ပေါ့ ။

      ခက်တော့နေပြီ ဒီအကွက်တွေက မြန်မာအတွက် နောကျေနေတဲ့ အကွက်ဆိုတော့ အရူးကွက်နဲ့ အကြောင်းမပြန်ဘူး ။ အစည်းအဝေး စခါနီးမှ လပြွတ်မှ မတက်ဘူး ကွ ဆိုပြီး အကြောင်းပြန်လိုက်တယ် ။

          မြန်မာကို ဖိနှိပ် တောင်းဆိုလိုက်မယ်ဆိုပြီး အမေရိကန် သမ္မတ မဲသူခိုးကြီး မောင်းတင်ထားတာ အူကြောင်ကြောင် ဖြစ်ပါရော ။ ကုလသမဂ္ဂကို ခါးစောင်းတင်ခဲ့တဲ့ ဆရာမကြီး ဒေါ်ရင်ရင်နွယ်ကတော့ ရှင်းတယ် အာဆီယံ မင်းတို့ ရှုံးပြီ ဆိုပြီး ဆိုရှယ်မီဒီယာကနေ တင်လိုက်တယ် ။

         ဆရာမကြီးအကြောင်း သိနေတဲ့ ဝါရင့်နိုင်ငံရေး လေ့လာသူတွေ စိတ်အေးသွားရပါပြီ ။ ဆရာမကြီးလို အဆင့်က မပိုင်ပဲ ဘယ်ပေါက်ပန်းသေး တင်မလဲ ဗျာ ။

          အစည်းအဝေးစတော့ အာဆီယံ အနုတ် ၁ ဆိုပြီး ကိုးလို့ကန့်လန့်ဖြစ်ပြီး အရူးဘရူးနိုင်းကို ဝေဖန်နေလေရဲ့ ။ သူတို့ကသာ ယောက်ယက်ခတ်နေကြတာ မြန်မာက သတင်းမကြေညာပဲ ပေါက်လာတဲ့ ရွှေဧည့်သည် ရုရှားရေတပ်ဒုချုပ် နဲ့ သာသာယာယာပဲ ရွှေလမ်းငွေလမ်း ဖောက်နေလေ ရဲ့ ။

          အမေရိကန်ပဲ ကမ္ဘာပတ် လူလည်ကျလာတာ များပြီလေ ။ အစောပိုင်းက မြန်မာကို ဖမ်းဆီးခြင်းဆိုပြီး အဝေးကနေ ခြိမ်းခြောက်ပြတာ မြန်မာဗိုလ်ချုပ်ကြီးတွေ လက်ဖက်ရည်သီးအောင် ဟားတိုက်ရီခဲ့ကြသတဲ့ ။ ကိုင်း ဒီတခါ ဘဂ်ါလား နဲ့ မြန်မာနယ်စပ် ရေပိုင်နက်မှာ စသ်ရေးလေ့ကျင့်ပြီး အနီးကပ် ခြိမ်းခြောက်မယ်လို့ ထပ်ကြံတယ်လေ ။

        အာဆီယံ အစည်းအဝေး ပြီးခါနီးမှာပဲ မြန်မာနိုင်ငံကို ရုရှားက ရေတပ်ကြီး အုပ်လိုက် '' ဝုန်းကနဲ'' ဝင်လာပါရော ။ အမေရိကန် နဲ့ အာဆီယံတွေ ပါးစပ်အဟောင်းသား နဲ့ ငေးကြည့်နေရလေရဲ့ ။

        စစ်သဘော်တွေရဲ့ အင်ဂျင်ပါဝါတွေက ရန်ကုန်မြစ်တောင် ဒီရေတက်ချိန် မဟုတ်ပဲ  ပြောင်းပြန်ရေဆန်လာအောင် ကြီးမားသတဲ့ ။

        စီးပွားရေး စစ်ရေး အရပ်ရပ် စာချုပ်တန်ကြေး ဒေါ်လာ ဘီလီယံ ၂၀ အနည်းဆုံး ချုပ်ဆိုလိုက်ကြောင်း ကြေငြာလိုက်တော့ စိတ်ကောက်နေတဲ့ တရုတ် အာပြဲသွားတယ် ။

          အာဆီယံကို ရွှေထွက်နေတဲ့ အဖွဲ့လို တန်ဖိုးထားပြီး မြန်မာကို ချေပြခဲ့တဲ့ ဘရူးနိုင်း အရူးဆိုင်းတီးသလို မြန်မာလည်း မိသားစုဝင်ပါပဲလို့ မျက်နှာငယ်လေးနဲ့ ပြောနေလေရဲ့ ။

           ဘဂ်ါလားနဲ့ ပေါင်းပြီး ငါတို့ စစ်သဘော်ကြီးတွေ နဲ့ မြန်မာကို နားရွက်တံတွေး ဆွတ်မဟ ဆိုပြီး ခွေးကျင့်ခွေးကြံ ကြံထားတဲ့ အမေရိကန်လည်း ကျားမြင်တဲ့ ခွေးလို ဖင်တရွတ်တိုက် ပြန်ပြေးလေရဲ့ ။

         သြော် အပိုရေးတာ မဟုတ်ပါဘူး ဗျာ ဒေါ်စုလက်ထက်တုန်းက ရခိုင်အရေးဖြစ်တာ မှတ်မိမှာပါ ။ အဲဒါ R2P ဘာညာ နဲ့ မြန်မာကို ခြောက်ပြီး ဘဂ်လားနယ်စပ်မှာ ကုလ ဥိးထုပ်ပြာတွေ ဟန်ရေးလာပြတယ်လေ ။

       အဲဒါနဲ့ ရုရှားက ရေတပ်စစ်သဘော်တစ်စင်း ရန်ကုန်ဆိပ်ကမ်းရောက်လာတယ် ။ တစင်းထဲနော် ဆိပ်ကမ်းမှာ ရပ်ထားပြီး ရုရှားရေတပ်သားတွေ ဘောလီပုတ် ဘာညာ နဲ့ နားနေတာပေါ့ ။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးကို အင်တာဗျူးပါရော ။ မြန်မာပြည် ဆိပ်ကမ်းမှာ ရုရှားစစ်သဘော်ကြီး ဘာလို့ရပ်ထားတာလဲ အခုဆို သုံးရက်ရှိပြီလို့ မေးခွန်းထုတ်တယ် ။

      ဝန်ကြီးက ပြန်ဖြေပါတယ်

'' ဆီကုန်ခံပြီး အပျင်းပြေ ဘောလီဘော သွားကစားတာ မဟုတ်ဖူး''

အဲဒီ အဖြေလည်း အမေရိကန် နဲ့ ကုလ တပ်ဖွဲ့တွေ ကြားရရော နောက်နေ့ ဦးထုပ်ပြာတွေ မူးလို့တောင် ရှူစရာ မရှိတော့ဘူး ။ အဲလို သမိုင်းရှိခဲ့တာ သတိရရင် အခုလို ရုရှား စစ်သဘော် အုပ်လိုက်ကြီး တွေ့ရတော့ သွေးပျက်မသွားတာ ကံကောင်းပေါ့ ဗျာ ။

        ဒါက မြင်နေရတဲ့ သဘော်တွေပါ ။ မမြင်ရတဲ့ နျူသုံးရေငုပ်သဘော်တွေ ဘယ်လောက်ပါလာသလဲ ဆိုတာ ဒင်းတို့ ဆက်မတွေးရဲလောက်ပါဘူး ။ ရုရှားတို့ ပူပူနွေးနွေး စမ်းသပ်ပြထားတဲ့ စူပါဆောနစ် ဒုံးက အသံထက် ၅ ဆ မြန်ပြီး ရေငုပ်သဘော်ကနေ ဆော်ထည့်လို့ ရနေတာကိုး ဗျ ။ ဘုရားသခင်ဆီ ဖြတ်လမ်းကနေ ပူတင် လိုက်ပို့မှာတော့ လန့်ရှာမပေါ့ ဗျာ ။

          အံ့သြရတာက ရုရှားရေတပ်ကြီး တခုလုံး ကမ္ဘာ့မီဒီယာ ဖျံတွေ သတင်းအနံ့မခံနိုင်ပဲ ဗြုံးဆို အချိန်ကိုက် ရောက်လာတဲ့ အစီအမံပဲဗျ ။ ဘယ် အချိန်က ဘယ်လို စီမံထားသလဲ ဆိုတာ ကမ္ဘာ့ ပုလိပ်လူလည်ကြီး ဘာမှ မသိလိုက်လေတော့ သွေးပျက်လောက်တဲ့ အကွက်ပဲ ဗျ ။

        အဲဒါ နဲ့ ဆက်စပ်ပြီး ကျနော်တွေးမိတာ ပြန်ပေါ်လာပါတယ် ။ ပထမဆုံး ပြုံယမ်းမှနေပြည်တော်  ပို့စ်တွေ တင်လိုက်တော့ အနုမြူလက်နက် ရှိမရှိ မန့် တွေမှာ ထင်ရာမြင်ရာ ငြင်းကြတာပေါ့ ။

      နျူဓာတ်ပေါင်းဖို မရှိလို့ လက်နက်လည်း မရှိဖူးလို့ ငြင်းတော့ ရုရှားပြန် အရာရှိက ပြန်မန့်ပေးတယ် ဗျ ။

" ကိုမျိုးရေ ခင်ဗျားရေးထားတာ လှို့ဝှက်ချက်ရဲ့ 2% မရှိသေးဘူး ဗျ ၊ နောက်ပြီး အခုခေတ်မှာ နျူလက်နက်အတွက် ဓာတ်ပေါင်းဖိုရှိမှ ထုတ်နိုင်တယ် ဆိုတာ မဟုတ်တော့ဖူး အခု ဓာတ်ပေါင်းဖို မလိုတော့ဘူး ဗျ ''

      အဲသလို မန့် သွားဖူးတယ် ဗျ ။ အဲဒါ နဲ့ ဆက်စပ်ပြီး ကိုဥာဏ်မမှီတဲ့ နည်းပညာမို့ မစုံစမ်းနိုင်ခဲ့ပါဘူး ။ ဟော အခု ရုရှားရေတပ် လာတာနဲ့ ပတ်သက်ပြီး ဒေါက်တာနေဇင်လတ် ထုတ်ပြလာတဲ့ ကားတွေ မြင်ရမှ သြော် ဒီလိုကိုးလို့ ဆိုပြီး အထက်က မန့်ကို ချိတ်ဆက်မိလာရပါတယ် ။

           ဟုတ်မဟုတ်တော့ နိုင်ငံတော် အဆင့် ထိပ်တန်း လျှို့ဝှက်တွေပဲဗျာ ဒီလောက်ထိ စပ်စုလို့ ဘယ်ကောင်းမလဲ နော ။

    

(ထော်လာဂျီ အစုတ်လေးနဲ့ လုပ်စားနေရတဲ့ ဆင်းရဲသားကို မြောက်စားဖို့ ဦးတေဇလို လူက ၂၂ ဘီး ကား သုံးစီးလောက် အလကားပေးလိုက်တယ် ဆိုရင်ဖြင့် ဆင်းရဲသားလည်း ချက်ခြင်း အဆင့်မြင့်သွားသလို ဦးတေဇ အနေနဲ့လည်း ရှိုးဝိုင်းတခါထိုင်စာမှ မရှိတာပဲ အဲဒါ Thu Thu Aung ပေါ်လစီဗျ)


Post a Comment

Previous Post Next Post