ဘာသာ​ပျောက်​အောင်ပါ ကြံစည်လာရင်​တော့🤔

ဘာသာ​ပျောက်​အောင်ပါ ကြံစည်လာရင်​တော့🤔

"ရဟန်းတို့ ပြန်လည်ခုခံချေပခွင့် ရကြောင်း"

🙏🙏🙏သာသနာ့ညီတော်/နောင်တော်များ သိထားသင့်တဲ့ ဝိနည်းအကြောင်းအရာ တစ်မျိုး🙏🙏🙏

ပါစိတ်ပါဠိတော်မှာ “ရဟန်းက ရဟန်းကို အမျက်ဒေါသထွက်ပြီး ရိုက်နှက်ပုတ်ခတ်မှု မပြုရ။ပြုလျှင် ပါစိတ်အာပတ်သင့်စေ"ဆိုပြီး မြတ်ဗုဒ္ဓက ပဟာရသိက္ခာပုဒ်တော် ပညတ်တော်မူထားပါတယ်...

လူ,သာမဏေကို အမျက်ဒေါသထွက်ပြီး ရိုက်နှက်ပုတ်ခတ်မှုပြုလျှင် ဒုက္ကဋ်အာပတ်သင့်ပါတယ်...

၎င်းပဟာရသိက္ခာပုဒ်ရဲ့ အနာပတ္တိဝါရမှာ “အနာပတ္တိ ကေနစိ ဝိဟေဌီယမာနော မောက္ခာဓိပ္ပါယော ပဟာရံ ဒေတိ=တစ်စုံတစ်ယောက်က (ကိုယ့်ကို)ညှင်းဆဲသောကြောင့် လွတ်မြောက်လိုသည်ဖြစ်၍ ရိုက်နှက်ပုတ်ခတ်မှု ပြုအံ့။အာပတ်မသင့်"ဆိုပြီး မြတ်ဗုဒ္ဓက အနာပတ္တိဝါရကို ဟောထားတော်မူထားပါတယ်....

ဆိုလိုရင်းက “ရဟန်းဟာ အမျက်ဒေါသထွက်ပြီး ဘယ်သူ့ကိုမှ ရိုက်နှက်ပုတ်ခတ်မှု မပြုရ။
ပြုလျှင် အာပတ်သင့်မည်။ကိုယ့်ကို ညှင်းဆဲမှု ပြုလာပြီဆိုလျှင်တော့ ထိုညှင်းဆဲမှုက လွတ်မြောက်လိုတဲ့ဆန္ဒနဲ့ ပြန်လည်ပြီး ရိုက်နှက်ပုတ်ခတ်မှု ပြုလျှင် အာပတ်မသင့်"လို့ဆိုလိုတာပါ....

၎င်း အနာပတ္တိဝါရကို အဋ္ဌကထာဆရာဖွင့်ဆိုပြထားသည်မှာ တော်တော်လေး စိတ်ဝင်စားရာကောင်းပါတယ်....

“ကေနစိ  ဝိဟေဌိယမာနောတိ မနုေဿန ဝါ တိရစ္ဆာနဂတေန ဝါ ဝိဟေဌိယမာနော=လူဖြစ်စေ,
တိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်စေ သင်ရဟန်းကို ညှင်းဆဲလာမယ်ဆိုလျှင်....

 မောက္ခာဓိပ္ပါယောတိ တတော အတ္တနော မောက္ခံ ပတ္ထယမာနော=ထိုညှင်းဆဲတဲ့ လူ,တိရစ္ဆာန်မှ
မိမိရဲ့(သင်ရဟန်း၏) လွတ်မြောက်ခြင်းကို တောင့်တပြီး....

ပဟာရံ ဒေတီတိ ကာယကာယပဋိဗဒ္ဓနိဿဂ္ဂိယာနံ အညတရေန ပဟာရံ ဒေတိ, အနာပတ္တိ=ကိုယ်ဖြင့်ဖြစ်စေ,ကိုယ့်နှင့်စပ်သော ဝတ္ထုဖြင့်ဖြစ်စေ,ပစ်လွှတ်အပ်သော လက်နက်တို့တွင် တစ်ခုခုဖြင့်ဖြစ်စေ ပုတ်ခတ်မှုကို ပေးအံ့။အာပတ်မသင့်"ဟု ဖွင့်ဆိုထားပါတယ်....

ဆက်လက်ပြီးဖွင့်ဆိုထားသည်မှာ “လမ်းခရီးအကြားမှာ သူခိုးကိုဖြစ်စေ,ဆန့်ကျင်ဘက် ရန်သူကိုဖြစ်စေ မိမိကို(သင်ရဟန်းကို) ညှင်းဆဲလိုသည်ကို မြင်၍ ‘ဥပါသကာ အဲ့ဒီ့နေရာမှာသာ ရပ်နေပါ ရှေ့ကို တိုးမလာခဲ့ပါနဲ့'ဟုပြောရပါမည်။စကားကို နားမထောင်ဘဲ ရှေ့သို့ တိုးလာလျှင်
‘သွားရော့ဟေ"ဆိုပြီး လက်ရိုက်ဖြင့်ဖြစ်စေ,ဓားငယ်ဖြင့်ဖြစ်စေ ပုတ်ခတ်ပြီး (အကယ်၍)သွားစေဦးတော့။ထိုသူခိုး,ရန်သူသည် ထိုမိမိ၏ ပုတ်ခတ်မှုကြောင့် သေသွားစေဦး အာပတ်မသင့်သည်သာ"ဟုဖွင့်ဆိုထားပါသည်....

ဒီနေရာမှာ အထူး,အထူးသတိပြုရမည်မှာ “မောက္ခာဓိပ္ပါယ"ဖြစ်ပါသည်....

(ညီတော်/နောင်တော်များ နားလည်လွယ်အောင် စာသံပေသံတွေ ဖျောက်ထားခြင်းဖြစ်ပါသည်
ပညာရှင်များ နားလည်မှုပေးနိုင်လိမ့်မည်ဟု ထင်ပါသည်)

                                      မေတ္တာဖြင့် အရှင်နရိန္ဒ(မင်းကွန်း)

သစေပိ အန္တရာမဂ္ဂေ စောရံ ဝါ ပစ္စတ္ထိကံ ဝါ ဝိဟေဌေတုကာမံ ဒိသွာ ‘‘ဥပါသက, ဧတ္ထေဝ တိဋ္ဌ, မာ အာဂမီ’’တိ ဝတွာ ဝစနံ အနာဒိယိတွာ အာဂစ္ဆန္တံ ‘‘ဂစ္ဆ ရေ’’တိ မုဂ္ဂရေန ဝါ သတ္ထကေန ဝါ ပဟရိတွာ ယာတိ, သော စေ တေန ပဟာရေန မရတိ, အနာပတ္တိယေဝ။

                             ပါစိတ္တိယအဋ္ဌကထာ ၁၄၇။

Phto -fb

Post a Comment

Previous Post Next Post