ဟုတ်တယ်
ငါတို့ကခေါင်းမရှိဘူး
တစ်ရက် မှာ ၂၄ နာရီ
တစ်လမှာ ၃၁ ရက်
တစ်နှစ်မှာ ၁၂ လ တာဝန်ထမ်းဆောင်ဖို့ အတွက်
ငါတို့က ခေါင်းမရှိဘူး .....
ဟုတ်တယ်
ငါတို့က ခေါင်းမရှိဘူး
ပေါင်၃၀ ကျောပိုးအိတ်ကိုလွယ်
ပေါင် ၃၀ လက်နက်ကိရိယာတွေထမ်း
တစ်တောဝင် တစ်တောင်တက်
တစ်နှစ်မှာ စစ်ဆင်ရေးကိုးလထွက်ဖို့အတွက်
ငါတို့ က ခေါင်းမရှိဘူး .....
ဟုတ်တယ်
ငါတို့က ခေါင်းမရှိဘူး
အမြောက် ဗုံးဆံ စက်သေနတ်သံ ကြားက
" တက် " ဆိုတဲ့ အမိန့်သံကြားတိုင်း
လှံစွပ် တဗြောင်းဗြောင်းတပ်
မိန်းမနဲ့ ကလေးကို စိတ်ထဲက နူတ်ဆက်
ကွင်းပြောင်ပြောင်ကို ရင်ဘောင်တန်းဖြန့်တက်ဖို့ငါတို့က ခေါင်းမရှိဘူး .....
ဟုတ်တယ်
ငါတို့က ခေါင်းမရှိဘူး
ဆူပူ မငြိမ်မသက်
သဘာဝ ဘေးကပ်တွေတိုင်း
ကိုယ့်မိသားစု ကိုယ်ပြစ်
တစ်ခြားမိသားစုတွေကို ချစ်ဖို့
ငါတို့က ခေါင်းမရှိဘူး .....
ဟုတ်တယ်
ငါတို့က ခေါင်းမရှိဘူး
လူမုန်းခံရမယ့်အလုပ်ဆို ရှေ့ဆုံးက
နာမည်ယူရမယ့်အလုပ်ဆို နောက်ဆုံးက
ချစ်ချစ် မုန်းမုန်း
ကျောပိုးအိတ်တစ်လုံးနဲ့ လမ်းဘေးမှာတာဝန်ယူဖို့
ငါတို့က ခေါင်းမရှိဘူး .....
ဟုတ်တယ်
ငါတို့က ခေါင်းမရှိဘူး
လူစုံ အဖွဲ့ စုံ
အတွေးစုံ အကျင့်စုံ
ဝါဒစုံ အာဃာတစုံ ကြားမှာ
ဘယ်ဘက်မှမပါ
တိုင်းပြည် အချုပ်အခြာအာဏာကို
ကာကွယ်ဖို့အတွက်သာ
ငါတို့က ခေါင်းမရှိဘူး .....
ဟုတ်တယ် ငါတို့က ခေါင်းမရှိဘူး
တိုင်းပြည်နဲ့ လူမျိုး အတွက်
မင်းတို့က ဆန္ဒပြ စစ်တိုက် .....
ငါတို့က ရှေ့တန်းမှာ စစ်တိုက်
သူရဲကောင်းအမည်ခံတော့ မင်းတို့
လူဆိုး အမည်ခံတော့ ငါတို့
ဒါပေမယ့် ငါတို့စိတ်ထဲ
ဘယ်တော့မှ နေရာချိန်းဖို့ အစီအစဉ် မရှိတဲ့ အတွက် .....
ငါတို့က ခေါင်းမရှိဘူး .....
Credit - (ခေါင်း မရှိတဲ့ ရဲမိုး )
#yyh
Post a Comment