ထိတ်လန့်ဖွယ် ကိုဗစ်ပိုးအသစ် အိုမီခရွန် အကြောင်းသိရှိစေရန်

စတင်တွေ့ရှိသောနိုင်ငံ ...ဘော့ဆွာနာ နိုင်ငံ 
စတင်တွေ့ရှိသောနေ့  24 / 11 /2021 
တရားဝင် အတည်ပြုသတင်းထုတ်ပြန်သောနေ့ 26 / 11 / 2021 ...1:25 am 

ကူးစက်ပြန့်ပွါးနိုင်မှု့ ရာခိုင်နှုန်း.. 500%

(ကူးစက်ခံနေသောနိုင်ငံများ)
အစ္စရေး
ဘော့ဆွာနာ ..3 ဦး
ဟောင်ကောင် ..1 ဦး
တောင်အာဖရိက ..77 ဦး
ဘယ်လ်ဂျီယံ..2 ဦး

ကိုဗစ်ပိုးအသစ် ပေါ်လာလို့ ဥရောပနဲ့ အာရှဒေသက လေဆိပ်တွေ ပြန်ပိတ်လိုက်ရပါပြီ။

Ref: Reuters
Credit - Mahar Non

နိုင်ငံအများစု ထိတ်လန့်နေကြပြီး ခရီသွားတွေ ပြန်ပိတ်ဖို့ ပြင်နေကြတဲ့ ကိုဗစ်၁၉ အမျိုးအစားအသစ် “အိုမီခရွန်” ထိတ်လန့်ဖွယ်
" ကိုဗစ်-၁၉ ရောဂါပိုးမျိုးသစ်သည် လူအများကို
ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်" 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အာဖရိကတွင်တွေ့ရှိသော
ကိုဗစ်-၁၉ ရောဂါပိုးမျိုးသစ်အား 'အိုမီခရွန်' ဟုအမည်ပေး။

ရောဂါပိုးသစ်သည်မူလက ဝူဟန်တွင်တွေ့ရသော
မူရင်းကိုဗစ်-၁၉ ရောဂါပိုးနှင့်ဖွဲ့စည်းပုံသိသာစွာ
ကွဲပြား။

ထို့အပြင် အာဖရိကကိုဗစ်-၁၉ ရောဂါပိုးသစ် 
'အိုမီခရွန်'သည် ယင်း၏ ဖွဲ့စည်းပုံကြောင့် ယခင်ကူးစက်မြန်ကိုဗစ်-၁၉ပိုး 'ဒက်တာ'ထက် လူအများကို
ပိုမိုမြန်ဆန်စွာကူးစက်နိုင်။
ဆေးသိပ္ပံပညာရှင်များ အထူးစိုးရိမ်နေကြသည်မှာ
အာဖရိကကိုဗစ်-၁၉ ရောဂါပိုးသစ် 'အိုမီခရွန်'သည်
ယခင်ကိုဗစ်-၁၉ကူးစက်ခံရပြီးသူများအား ထပ်မံကူးစက်နိုင်ခြေရှိခြင်းနှင့် ယခင်မူလကိုဗစ်-၁၉ပိုးကိုအခြေခံကာထုတ်လုပ်ထားသည့် ကိုဗစ်ကာကွယ်ဆေးများနှင့်ကုသဆေးများကိုပါ ခံနိုင်ရည်ရှိပြီး ဆေးမတိုးမည့်ကိစ္စများကိုတွက်ဆနေကြ။

အာဖရိကတွင်တွေ့ရသောကိုဗစ်-၁၉ ရောဂါမျိုးသစ်ကို
အာဖရိကနှင့်အသွားအလာရှိသည့်ဟောင်ကောင်မှခရီးသည်(၂) ဦးတွင် တွေ့ရသဖြင့် ကမ္ဘာ့နိုင်ငံအချို့သည်
အာဖရိကနှင့်လေကြောင်းလိုင်းများပိတ်ပင်။
*ကိုဗစ်-၁၉ ရောဂါပိုးသစ်ကို အကောင်းဆုံးကာကွယ်ရန်
-ခုခံအားရရှိစေရန် ရနိုင်သည့်ကာကွယ်ဆေးကို ထိုးပါ။
-မက်စ်ကိုအမြဲလိုလိုဝတ်ဆင်ပါ။
-လက်ကိုအမြဲဆပ်ပြာ၊လက်သန့်ဆေးရည်ဖြင့်ဆေးပါ။
- လူစုလူဝေးရှောင်ရှားပါ။

Dr Alex Win
Volunteer
Shwe Myawaddy COVID Centre

Post a Comment

Previous Post Next Post