အကုန်ဖော်လိုက်ကြတဲ့ အမေ့သား ဖြိုးကြီးနဲ့ ဖြိုးလေး
===================
အမေ့သားနှစ်ယောက်ဖြစ်တဲ့ ဖြိုးကြီး(ဖြိုးမင်းသိန်း)နဲ့ ဖြိုးလေး(ဖြိုးဇေယျာသော်)တို့ နှစ်ယောက် ကတော့ ဩချလောက်အောင်ကို ဖော်လိုက်ကြပြီ...
အမေ့သား အကြီးကောင် ဖြိုးကြီးဆိုရင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က နေပြည်တော် တရားရုံးချိန်းမှာ သူ့မေမေ ဒေါ်စုကို အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာနဲ့ အမေရိကန်ဒေါ်လာ ၆ သိန်းကို ၃ ကြိမ်ခွဲ ပေးခဲ့ရတယ်လို့ ထွက်ဆိုပြီး အမေ့ကျေးဇူးကို ဆပ်ခဲ့တယ်… ဒါ့အပြင် မိုင်းဖုန်းဆရာတော်ဘုရားကြီးက ဒေါ်စုကို ပေးထားတဲ့ ၉ လက်မ အရွယ် ရွှေဆင်းတုတော်တစ်ဆူကိုပါ ပေးခဲ့တယ်ဆိုပြီး အပိုကျေးဇူး ဆပ်ခဲ့သေးတာ အားလုံး အသိပဲ မဟုတ်ပါလား…
အမေ့သား အငယ်ကောင် ဖြိုးလေး ဆိုရင်လည်း ရိုက်စစ်စရာတောင် မလိုဘူး… မိတာနဲ့ အကုန်ဖော်တော့တာပဲ…အခုဆိုရင် ဖြိုးလေးရဲ့ ဖော်ကောင်လုပ်မှုကြောင့် PDF လူစွမ်းကောင်း ၅၀ ကျော် ထောင်နန်းစံရတော့မှာဖြစ်သလို လက်နက်မျိုးစုံ ၂၀၀ ကျော်နဲ့ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းမျိုးစုံ အများအပြား သိမ်းဆည်းခံခဲ့ရတာ ပြည်သူအားလုံး အသိပဲ မဟုတ်ပါလား… အမေ့သားတွေကလည်း သူ့တို့မေမေ ဒေါ်စုမျက်နှာကိုမှမထောက် မိတာနဲ့ အကုန်ဖော်မယ် ဆိုတာချည်းပဲ…
အခုလို ဖော်ပေးလို့ ဂုဏ်လည်းယူပါတယ်....ကျေးဇူးလည်းတင်ပါတယ်...အမေ့သား ဖြိုးကြီးနဲ့ ဖြိုးလေး ရေ...
#မင်းမင်း
Post a Comment