ဆီးရီးယားမှာ မင်းစိုးမင်းပေါက်အရာရှိ အထိ
ဝင်ဆန့်လာနိုင်တဲ့ အလီကိုဟင်ဟာ အစ္စရေး
နိုင်ငံတော်အတွက် လျှို့ ဝှက်စွာ အလုပ် လုပ်
ပေးနေရတဲ့ သူလျို Spy တဦးပါ ၊ အစ္စရေး
ထောက်လှမ်းရေး မော့ဆက် အဖွဲ့အစည်းရဲ့
ကိုယ်စားပြု အဆင့်မြင့် သူလျှို ဖြစ်ပါတယ် ၊
ဆီးရီးယား အစိုးရအသိုင်းအဝိုင်းမှာ ရေပမ်းစား
ထင်ပေါ်သူ အလီကိုဟင်ဟာ ရသမျှ စစ်ရေး
နိုင်ငံရေးသတင်းတွေ အမိ အစ္စရေး နိုင်ငံတော်
ကို လျှို့ဝှက်စွာ ကြေးနန်း သင်ကေတ ကုဒ် တွေ
နဲ့ အချိန်မှန် ပေးပို့နေရပါတယ် ၊ သူ့ကို ဖမ်းဆီး
ရမိတဲ့အခါ ဆီးရီးယား စစ်ဘက် အရပ်ဘက်
ပုဂ္ဂိုလ်တွေ စိတ်မကောင်းဖြစ်ကြပါတယ် ၊
အလီကိုဟင် ကို Converted ဘက်ပြောင်း
သူလျှိုခေါ်မလား ၊ ထရိုဂျင် ခေါ်မလား ကြိုက်
သလို ခေါ်ဆိုနိုင်ပါတယ် ၊
ဒါက အလီကိုဟင် အကြောင်းပါ ၊
မြန်မာ ထရိုဂျင် သို့မဟုတ်
ဘက်ပြောင်း သူလျှို Converted.
ကွီးဖြိုးဟာ ဒုတိယ အလီကိုဟင်ပါဘဲ ၊
ရွှေ ဒေါ်လာ တွေ ပေးအပ်ခဲ့ရပုံကို မှတ်တမ်း
တင် Record Video file ဘာကြောင့် ရယူထားရလဲဆိုတာ ရုပ်လုံးပေါ်စပြုနေတဲ့ ထွက်ဆိုချက်
တွေက သက်သေပြနေပါတယ် ၊
အမှန်တကယ်သာ ထရိုဂျင် အဖြစ် ရာထားခံရ
သူဟာ ကွီးဖြိုး ဆိုရင် အမတန်လေးစားရမှာ
ပါ ၊ သူလျှို ဆိုတာ အသွင်ယူတာ ပိရိပြီး အစွန်း
အစ မထွက်အောင် သိပ်သည်းစွာ လျှို့ဝှက်
နေတတ်ကြပါတယ် ၊ ဒါလဲ စာဖတ်သူကြီး ရဲ့
လက်ရာ ဖြစ်နိုင်ပါတယ် ၊
တကွက်အကျောပေး ထရိုဂျင် ရဲ့အစွမ်းဟာ
တရားခံကို ရုန်းမရအောင် ချောင်ပိတ်နိုင်တာ
မို့ ကွီးဖြိုး သာ ထရိုဂျင် ဆိုရင်.....???
Excellent... !
Post a Comment