မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာရှိတဲ့ NLD ပါတီရုံးတွေမှာ ပေါက်ကွဲမှုတွေဖြစ်

မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာရှိတဲ့ NLD ပါတီရုံးတွေမှာ ပေါက်ကွဲမှုတွေဖြစ်

မွန်ပြည်နယ်၊မော်လမြိုင်မြို့က NLD ပါတီရုံးနဲ့ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့က NLD ပါတီရုံးတွေမှာ အောက်တိုဘာ ၃၁ ရက်မနက်ပိုင်းက ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

"ပေါက်တဲ့နေရာကိုကြည့်လိုက်ဗျာ ပါတီရုံးတွေကိုပိတ်ထားခံရတာကြာလှနေပြီ ဘယ်သူမှလည်းအဝင်အထွက်မရှိဘူး ဘယ်သူတွေလုပ်တယ်ဆိုတာရှင်းနေတာပဲ ဘယ်ပါတီဝင်တွေမှကိုယ့်ရုံးကိုယ်ပြန်ပြီးဖျက်ဆီးတဲ့သူတွေမဟုတ်ဘူး ပျက်စီးသွားတာတွေရှိတဲ့အတွက် ကြည့်ပြီးစိတ်မကောင်းဖြစ်ရတယ်"လို့ ကော့ကရိတ်မြို့က NLD ပါတီနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့နေရာကို လုံခြုံရေးအဖွဲ့တွေက သွားရောက်စစ်ဆေးတဲ့အခါမှာ ကော့ကရိတ် NLD ပါတီရုံး အဆောက်အအုံအောက်ထပ်က အဝင်တံခါးမကြီး၊တံခါးဘောင်တွေ ပြတင်းပေါက်မှန်တွေ ပျက်စီးနေတာကိုတွေ့ပါတယ်လို့   နစက ပြန်ကြား​ရေး အဖွဲ့ က ​ပြောပါတယ်။

အဆိုပါနေရာကို နစက လုံခြုံရေးအဖွဲ့က ထပ်မံစစ်ဆေးခဲ့ရာမှာတော့ ရေသန့်ဘူးအပိုင်းအစများ၊ယမ်းကြိုးများကို တွေ့ရှိခဲ့ရပြီး ရေသန့်ဘူးနဲ့ ပြုလုပ်ထားတဲ့ ဒေသန္တရလက်လုပ်ဗုံးပေါက်ကွဲခြင်းဖြစ်တယ်လို့ ​ ထုတ်ပြန်ထားပါတယ်။

Post a Comment

Previous Post Next Post