ထိုင်းနိုင်ငံသို့သွားမည့် မြန်မာများ ကွာရန်တင်းဝင်ရန်မလိုတော့
ဘန်ကောက် အောက်တိုဘာ ၃၁ ရက်
ထိုင်းနိုင်ငံအစိုးရက နိုင်ငံပေါင်း ၄၆ နိုင်ငံမှ ခရီးသွားဧည့်သည်များကို နိုဝင်ဘာလ ၁ ရက်ကစ၍ covid-19 အကန့်အသတ်ဖြင့် နေရန်မလိုတော့ဘဲ သွားလာခွင့်ပြုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်က ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် မပါဝင်ခဲ့သော်လည်း အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ချက်တွင် ထပ်မံခွင့်ပြုလိုက်သော ၆၃ နိုင်ငံ စာရင်းတွင် ပါဝင်ခဲ့သောကြောင့်ထိုင်းနိုင်ငံသို့သွားမည့် မြန်မာများ ကွာရန်တင်းဝင်ရန်မလိုတော့ကြောင်း သိရသည်။
ယခုအခါ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံ ပေါင်း ၁၀၉ နိုင်ငံက ခရီးသွားများကို အကန့်အသတ်(ကွာရတင်း)နေရန်မလိုတော့ဘဲ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်၊ ဖူးခက်ကမ်းခြေ အပါအဝင် ခရိုင်ပေါင်း ၇၃ ခရိုင်တွင်လည်း ညမထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံက ထိုင်းနိုင်ငံကို သွားရောက်တဲ့နိုင်ငံတွေထဲမှာ ထိပ်တန်းစာရင်းမှာပါတယ်။ဒါကြောင့် မြန်မာနိုင်ငံကို ချန်ထားခဲ့လို့ မရတာလည်းပါတယ်။ထိုင်းနိုင်ငံက နိုင်ငံရေးတွေ ဘယ်လိုပဲ ရှုပ်နေစေကာမူ သူတို့ရဲ့ စီးပွားရေးကို အထိခိုက်ခံတဲ့နိုင်ငံမဟုတ်ဘူး။ဒါကြောင့်လည်း အခုလို ရာသီမှာ ခရီးသွားတွေကို ကိုဗစ် ကန့်သတ်ချက်တွေ ဘယ်လိုဖြေလျှော့ပြီးလက်ခံမယ်ဆိုတာ အမြဲတမ်း စီစဉ်နေတဲ့နိုင်ငံလည်း ဖြစ်တယ်။ထိုင်းက ခရီးသွားလုပ်ငန်းကို အဓိကထားပြီး ဘဏ္ဍာငွေ ရှာတဲ့ နိုင်ငံ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထိုင်းနိုင်ငံကို သွားမည့် မြန်မာနိုင်ငံသားများအနေဖြင့် ကာကွယ်ဆေးထိုးထားပြီးကြောင်း အင်္ဂလိပ်လိုဘာသာပြန်ထားသောလက်မှတ် ၊ အသက်အာခမံကြေး ဒေါ်လာ ၅၀၀၀၀ လုပ်ထားသော အထောက်အထားများ၊ကိုဗစ်နှာခေါင်းတို့ဖတ်ကို ဓါတ်ခွဲခန်းတွင် စစ်ဆေးချက် ၇၂ နာရီအတွင်းအဖြေထုတ်ထားသော စာရွက်လိုကြောင်း၊ ဘန်ကောက်သို့ရောက်ရှိပါကလည်း နှာခေါင်းတို့ဖတ် တစ်ကြိမ် ထပ်မံစစ်ဆေးကာ ထိုင်းနိုင်ငံသို့ရောက်သည့်နေ့တွင် သတ်မှတ်ထားသောဟိုတယ်တွင် တစ်ရက် နေပေးရန်လိုကြောင်း သိရသည်။
ကွာရတင်းဝင်ရန်မလိုတော့ သည့်နိုင်ငံများထဲတွင် အမေရိကန်၊ ဂျပန်၊ တရုတ်၊ ဗြိတိန်၊ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ကမ္ဘောဒီးယားစသော အာရှပစိဖိတ် နိုင်ငံများ ၊အရှေ့အလယ်ပိုင်းဒေသတွင်း နိုင်ငံများပါဝင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Post a Comment