************************
ကိုယ်တွေက
အမျိုးတွေကို ကြိုပြောခဲ့ပါတယ်
EASAN ကိစ္စ စိတ်မပူကြပါနဲ့ လို့လေ
သံတမန်ရေးမှာ
ထုံးလိုခြေ ရေလိုနှောက်ထားတဲ့
အကြံပေးပုဂ္ဂိုလ်ကြီးတွေနဲ့ ဘချုပ်တို့က
အချဉ်မဟုတ်ပါဘူးလို့လေ
ကဲ အခုကြည့်လိုက်…
အာဆီယံထိပ်သီးအစည်းအဝေးကိစ္စနဲ့
ပတ်သက်ပြီး အမျိုးတွေ အနေနဲ့
ပထမကတော့ တော်တော်လေး
မခံချိမခံသာဖြစ်မိကြမှာပါ...
ဒါလည်း
ဖြစ်သင့်တာကိုး
ကျုပ်လည်း ဖြစ်တာပါပဲ
ဘာတဲ့.!
မြန်မာနိုင်ငံ ရဲ့
လက်ရှိအစိုးရ အကြီးအကဲကို
တက်ရောက်ခွင့်မပြုကြောင်း
မိမိသဘောနဲ့ မိမိကြေငြာချက်ထုတ်ခဲ့တဲ့
လက်ရှိ ဥက္ကဌဘရူနိုင်းနိုင်ငံကော
ကိုယ်စားလှယ်တစ်ဦး
တက်ရောက်ခွင့်ပြုပါလျက်နဲ့
မြန်မာနိုင်ငံက ကိုယ့်အခွင့်အရေးကို
လက်လွတ်ခဲ့ တာပါလို့ပြောတဲ့
၂၀၂၂ မှာ
အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်
တာဝန်ယူ ထမ်းဆောင်ရမယ့်
ကမ္ဘောဒီးယားနိုင်ငံကော
အလှည့်ကျဥက္ကဌရဲ့
မြန်မာနိုင်ငံကိုယ်စားပြုမှုနဲ့
ပတ်သက်တဲ့သဘောထားကို
အပြည့်အဝထောက်ခံကြောင်း
ထပြောလာတဲ့ မလေးရှားနိုင်ငံကော
အစကတော့
ဒီကောင်တွေကို တော်တော့ကို
စိတ်ထဲမှာတင်းမိကြမှာပါပဲ ..
ပိုပြီး မခံချိမခံသာ ဖြစ်မှာက..
အဲဒီ (၃)နိုင်ငံရဲ့ မြေပုံတွေပေါင်းလို့မှ
မြန်မာနိုင်ငံမြေပုံရဲ့
"လပြွတ်"လောက်မရှိတဲ့ နိုင်ငံတွေက
ကိုယ်တွေလို သာကီမျိုးနွယ်တွေကို
မလေးမစားစော်ကားရဲလေခြင်း
ဆိုပြီးတော့ပေါ့ ဗျာ..
သြ ကိုယ့်လူမျိုးတွေ
မစည်းရုံး မစည်းလုံး မညီညွတ်လို့
ကိုယ့်နိုင်ငံအတွင်းက
ကျူးကျော်တဲသာသာ ဧရိယာလောက်ရှိတဲ့
လူ့အခွင့်အရေး ဆိုတာ ဘာမှမရှိတဲ့
နိုင်ငံလေးတွေက နားမနာပ
စော်ကားရဲလေခြင်းရယ်လို့လဲ
သင်ခန်းစာယူ သံဝေဂရမိကြမှာပါပဲ ။
အမှန်မှာတော့
global Military power ranking (30)
ဝန်းကျင်ရှိတဲ့ အရှေ့တောင် အာရှရဲ့
နိုင်ငံကြီးတစ်နိုင်ငံဟာ
global ranking (100)နောက်က
ပြေးလိုက်နေရတဲ့ နိုင်ငံတွေကို
သောက်ဂရုစိုက်စရာကို
မလိုတာပါ ဗျ ာ..
ကျနော်ပြောခဲ့ပါတယ်
စိတ်မပူကြပါနဲ့ နစကမှာ
planတွေ ရှိပြီးသားပါလို့လေ
အသေအချာ ခေါင်းအေးအေးထား
စဉ်းစားကြည့်ပြီး အေးဆေးလေး
ကော်ဖီသောက်ဖုန်းလေးပွတ်ပြီး
နေကြပါလို့လေ
ကဲ အခုကြည့်လိုက်တော့
အခုဆိုရင်လေ
အာဆီယံ(၉)နိုင်ငံတော့
မြန်မာအစိုးရရဲ့ ဖျံ ကျတာကိုခံလိုက်ရပြီ
ဆီမဆွတ်ပဲ
ဘွတ်လိုက်တာလေးကိုပါ
ထပ်ဖြည့်ထည့်ပေးလိုက်အုံး ဗျ...
ဒီလိုပါ..ဗျာ
အာဆီယံရဲ့ကြေငြာချက်ဟာ
သူတို့ အကွက်ထဲ ဝင်လာအောင်
နစက ကို ပျော့ဆွဲလေးနဲ့ မျှားခေါ်တာဗျ ..
ဒါကိုတစ်ကွက်ကြိုမြင်တဲ့
နစက ကတက်ဖြစ် မတက်ဖြစ်
အတိအကျမပြောနိုင်သေးပါဘူး..ဆိုပြီး
မတင်မကျလှည့်ကွက်တွေနဲ့
ဆက်တိုက် ထုတ်ပြန်နေရင်းကနေ
အစည်းအဝေး
စခါနီးလည်းကျရော
ဘယ်သူမှ မတက်ပါဘူးဆိုပြီး
ရိုက်ချပစ်လိုက်တာ တွေ့ကြမှာပေါ့…
ဒီအခါမှာတော့
ဟို မွတ်(၃)နိုင်ငံလည်း
ကိုယ့်စကားနဲ့ကိုယ်တိုင်ပြန်ပတ်ပြီး
နစကဥက္ကဌကို
ပြန်ပဲခေါ်ရမလို
လေချိုပဲ သွေးရတော့မလို
ပြန်စီစဉ်ဖို့ အချိန်ကလည်း မမှီတော့နဲ့
ခြေမကိုင်မိ လက်မကိုင်မိ
အောင့်သီးအောင့်သက်တွေ
ဖြစ်ကုန်ကြပါလေရောလား..
အမှန်က
သူတို့ထင်ထားတာက
သူတို့ခေါ်ထားတဲ့ သူတော့
တက်ကို တက်လာလိမ့်မယ်လို့ပေါ့…
တက်ရင်ဖိအားပေးမယ်ပေါ့…
ဒီတော့ကာ
ASEANသက်တမ်းတစ်လျှောက်
ပထမဆုံး(၉)နိုင်ငံအစည်းအဝေးတွေဖြစ်..
ဒီလိုနဲ့ပဲ
ထိုင်းကြီးက
စေ့စပ်ညှိနှိုင်းရေးနဲ့
ဘုံသဘောတူညီချက် (၅)ရပ်ကို
အလေးထားသင့်ကြောင်း …
အာဆီယံအတွင်း ယုံကြည်မှု
တည်ဆောက်ထားသင့်ကြောင်း…
မြန်မာနိုင်ငံအနေနဲ့
အာဆီယံအပေါ်ယုံကြည်ပြီး
လက်တွဲတာကို လိုလားကြောင်းတွေနဲ့
သူ့သဘောထားကို အဲဒီလို
သာသာနဲ့နာနာ ချပြသွားလေရဲ့..
စင်္ကာပူဝန်ကြီးချုပ်ကတော့
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်
ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေမှု အပိုင်းမှာ
ကနဦး သဘောတူထားကြပြီး ဖြစ်တဲ့
ဘုံသဘောတူညီချက်တွေဟာ
အခုလို နှောင့်နှေးနေရတာ
ရှေ့မရောက်နိုင်တာတွေအတွက်
အလှည့်ကျဥက္ကဌကိုဝေဖန်လိုက်တယ်..
စည်းမျဉ်းစည်းကမ်းပေါ်
အခြေခံတဲ့ အဖွဲ့အစည်း တစ်ရပ်အနေနဲ့
လက်ရှိလုပ်ဆောင်ချက်တွေဟာ
မိမိတို့ရဲ့အဖွဲ့အစည်းအပေါ်
မြန်မာနိုင်ရဲ့ယုံကြည်ကိုးစားမှုမှာ
အများကြီးအကျိုးသက်ရောက်မှုတွေ
ရှိသွားနိုင်တယ်လို့ ထောက်ပြခဲ့ပြန်ရော..
အနှစ်ချုပ်ရရင်..
တကယ်တော့..
အမေရိကန်ရော ဗြိတိန်ရော
သူတို့ရဲ့ စနက်နဲ့အတူ
အာဆီယံအစည်းအဝေးမှာ
မြန်မာနိုင်ငံက
ကိုယ်စားပြုတက်လာမယ့်တစ်ယောက်ကို
ဘာမှပြောဆိုဆွေးနွေးခွင့်မပေးဘဲ..
သူတို့ပြောချင်တာတွေ
တောင်းဆိုချင်တာကို လိုက်မှတ်ပြီး
နစကဥက္ကဌထံ
စကားမှာပါး ရာဇသံပေးချင်တာ..
ဒီလို အကွက်ချထားတာ
သူတို့အထင်အရတော့
နစက အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ်
ရတဲ့သူ တစ်ဦးဦးတော့
ကုပ်ကပ်တက်လိမ့်မယ်ပေါ့လေ..
အာဆီယံနဲ့
အနောက်အုပ်စုရေ
ဟ.! ဟ.! တောင် မရဘူး မှတ်လိုက်…
အဲဒီမှာပဲ
နစက အစိုးရက
ဘယ်သူမှ မတက်ဘူး ကွာ
$ဂရုလည်း မစိုက်ဘူး
နားလည်းမထောင်ဘူး ဆိုတော့
အမေရိကန်ရော အာဆီယံနိုင်ငံတွေရော
တိုင်တွေပတ်ကုန်ပါလေရောလား...
တကယ်က
ဒီပွဲက မြန်မာပွဲမှ မြန်မာပွဲဗျ
မြန်မာအရေးကိုအဓိက ထားညှိနှိုင်းကြ
ဖျောင်းဖျကြ ချော့ကြ ခြောက်ကြ
ဖိအားပေးကြမယ့်ပွဲ..ဗျ,!
ရွှေမိနဲ့
တွေ့ဆုံခွင့်ပေးဖို့တွေပါ
အပါအဝင်ပေါ့ ဗျာ
ဒီတော့ကာ
အမေရိကန်ကြီးကလည်း
အားတွေထည့် ဘိုင်ဒန်ကိုယ်တိုင်
မိန့်ခွန်းပြောမဲ့ အကြောင်းတွေကြေငြာ
အလဟဿ တွေဖြစ်..
မလေးရှားကလည်း
ကိုယ်စားလှယ်မပါတော့တဲ့
မြန်မာ့နိုင်ငံရေး အဆိုပြုချက်မှာ
ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူဖို့ကို
အရင်နီပိတ်အစိုးရဲ့ကတိကဝတ်အတိုင်း
အမြန်ဆောင်ရွက်ဖို့ ထတောင်းဆို..
ဒါပေမဲ့
ကာယကံရှင်နိုင်ငံကမပါ..
တိုင်တွေပတ်..တိုင်ပတ်တာမှလေ
လွတ်လပ်ရေးကျောက်တိုင်လောက်ကြီးတဲ့
တိုင်ကြီးတွေ ပတ်ကုန်တာ ဗျ
နစက အစိုးရေကတာ့
အာဆီယံအစည်းအဝေးလုပ်မဲ့ရက်
မတိုင်ခင်လေးမှာပဲ..ကပ်ပြီးတော့
တစ်နိုင်ငံလုံး အနေနဲ့
တပ်မတော်ထောက်ခံပွဲတွေလုပ်..
ရုရှားနဲ့ စင်္ကာပူကို
သိပ္ပံနဲ့နည်းပညာအစည်းအဝေးခေါ်ထား..
စီမံချက် စီမံကိန်းတွေ ချမှတ်ကြနဲ့ပေါ့
ဒါတွေကိုကြည့်ရင်
အာဆီယံအစည်းအဝေးမှာ
လက်ရှိနိုင်ငံ့အရေးဖိအားတွေအတွက်
မဖြစ်နိုင်တဲ့ တွေ့ဆုံညှိနှိုင်းရေးတွေ
တောင်းဆိုလာမှုတွေအတွက်
ပေးရမယ့် ကတိကဝတ်တွေ..
ယခင်အစိုးရလက်ထက်က
ကျွံထားခဲ့တဲ့ ဒုက္ခသည်ပြန်ခေါ်ရေး
ကတိကဝတ်ပေးရမှုတွေအပေါ်
ရှောင်လွှဲနိုင်ခဲ့တယ်
လတ်တလော
နိုင်ငံတည်ဆောက်ရေးမှာ
တပြိုင်တည်း ဆောင်ရွက်ရမယ့်
ကိစ္စရပ်တွေအတွက်..
ဖိအားလျော့သွားခဲ့တယ်
ဒီတော့က
ဒီအာဆီယံအစည်းအဝေးကို
သွားတက်ခြင်းထက် မတက်တာက
ပိုအကျိုးရှိတယ်ဆိုတာ နစက က
ကြိုစဉ်းစားထားပြီးသားဆိုတာ..
အခု လုပ်ရပ်ကို ကြည့်ရင် သိရလိမ့်မယ်။
အဲ့လိုတွေ
သူတို့ဖက်က ထုတ်ပြန်လေ
နစက ဖက်က ပိုကြိုက်လေ ဆိုတာ
ပိုသိသာသွားကြပြီ မဟုတ်လားဗျ
ဒီအချိန်မှာ
ဟိုလူပြိန်းနိုင်ငံတွေက
ငိုချင်ရက်လက်လာတို့တော့.
အဲဒီ အခွင့်အရေးလေး အရယူပြီး
ရုရှားကြီးနဲ့
လေညှင်းလေးခံ အေးဆေးလေး
အနားယူ တိုင်ပင်ကြရင်း
ကော်ဖီလေးနဲ့ရေနွေးကြမ်းလေးပါ
ထိုင် သောက်နေကြလေရဲ့..
အမေရိကန်ကတော့
မျောက်မီးခဲကိုင်မိသလို
ယောက်ယက်ခတ်နေလောက်ပြီ
သူများမကောင်းကြံချင်တဲ့
လပြွတ်လောက်ရှိတဲ့ ဟိုနိုင်ငံတွေလည်း
အရှက်တော်ပုံ ဗြန်းဗြန်းကွဲပြီးတော့…
ခြေမကိုင်မိလက်မကိုင်မိနဲ့
ကိုယ့်ဒဏ်ကိုယ်ခံ တန်ပြန်မိပြီး…
တိုင်အကြီးကြီး
ပတ်နေကြရလောက်ပြီ.ပေါ့ ဗျာ.
ကျေးဇူးအထူးပါ
နစက(အိမ်စောင့်)ကြီးက
ဘချုပ်နဲ့ အကြံပေးအဖွဲ့ကြီးရေ
20211028:Thuya
Post a Comment