နောက်ကျသွားတော့မလို့
လက်မတင်လေးမှ လက်မတင်လေးပါပဲ
ကဲ .! ဆက်စပ်ကြည့်ကြပါစို့
••••••••••••••••••••••••••••••••••
{ ဖြစ်စဉ် ၁ }
------------
-ဆော်ဒီသံအမတ်အဖြစ်
2008 မှ 2013 အထိ
တာဝန်ထမ်းဆောင်ခဲ့ရတဲ့
သံအမတ်ကြီး ဦးခင်ဇော်ဝင်းရဲ့ မှတ်တမ်း
- 2010 မှာ ဆော်ဒီအစိုးရက
သူ့တို့ ထောင်ချထားတဲ့ မြန်မာနိုင်ငံသား
3000 အား စီစစ် စစ်ဆေးပေးဖို့ တောင်းဆို
- မြန်မာအစိုးရထံ
သတင်းပို့ ခွင့်ပြုရယူပြီး ဆော်ဒီ
ဌာနဆိုင်ရာတွေနဲ့ သွားရောက်စစ်ဆေး
- ဆော်ဒီမှာပဲမွေးခဲ့သူတွေဖြစ်နေခြင်း ၊
နိုင်ငံသားကဒ်မရှိခြင်း ၊
မြန်မာစကား မပြောတတ်ခြင်း ၊
မြန်မာနိုင်ကိုပင် မရောက်ဖူးခြင်း ၊
မြန်မာသို့လည်း မသွားလိုကြခြင်း ၊
ဆော်ဒီ အသိအမှတ်ပြုကဒ်သာ ရှိခြင်း
( ဝှိုက်ကဒ်ကဲ့သို့)ဆိုပြီး ပြန်လည်သတင်းပို့
- စစ်ဆေးပြီးနောက်
တလခွဲအကြာမှာ ဆော်ဒီအစိုးရက
အကျဉ်းသားတွေကိစ္စကို မေးမြန်းရာ
ထောက်အထားမရှိ၍ လက်ခံရန်
မဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့
- နောက် ၂ လအကြာမှာ ဆော်ဒီအစိုးရက
အကျဉ်းသား 3000 အပါအဝင်
ဘင်္ဂလီ 500000 အား မြန်မာမှ လက်ခံရန်၊
သယ်ယူစရိတ်ကို ဆော်ဒီက ကျခံမည် ၊
ထိုသူများ၏ စားဝတ်နေရေး အတွက်
အလုပ်အကိုင်အတွက် အရင်းအနှီး
ဆော်ဒီမှ ထောက်ပံ့မည် ၊
မြန်မာနိုင်ငံက သဘောတူလျှင်
ငွေကြေး နှင့် အခြားထောက်ပံ့မှုများ ဖြင့်
အပြည့်အဝ ကူညီမည် "
ဆိုပြီး ညှိနှိုင်းပါတယ် ။
သံအမတ်ကြီးက
မြန်မာနိုင်ငံရဲ့ ဥပဒေအရ
လက်ခံ၍ မရကြောင်း
သို့သော် အထက်လူကြီးများအား
တင်ပြပေးပါ့မယ်လို့ ပြောခဲ့ပြီး
သတင်းပို့ပေးခဲ့ပါတယ် ။
မြန်မာအစိုးရက
၄င်းကိစ္စအား လုံးဝလက်မခံနိုင်ကြောင်း
အကြောင်းပြန်ခဲ့ ပါတယ် ။
………………………
OIC ဟာ မြန်မာအစိုးရကို
ဝယ်မရမှန်းသိသွားပြီး EU နဲ့ ပေါင်းကာ
STATEMNT ရေးထိုးပါတယ် ။
အဲဒီမှတ်တမ်းမှာ
EU ဖက်က ဟန်ယောင်ဝေ နဲ့
OIC က ဝါကာအူဒင် တို့
လက်မှတ်ရေးထိုးပါတယ် ။
{ ဖြစ်စဉ် ၂ }
-------------
ဦးသိန်းစိန် အစိုးရလက်ထက်မှာ
ဂျော့ဆိုးရော့ဟာ 2013 - 2014 - 2015
သုံးနှစ်ဆက်တိုက် မြန်မာပြည်လာပါတယ် ။
လာတိုင်းလည်း
ဦးသိန်းစိန် နဲ့ တွေ့ဆုံပြီး
သူ့တပည့်ဖြစ်တဲ့ ဦးသောင်းထွန်းကို အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတနေရာ ခန့်ပေးဖို့
အမြဲလိုလိုပဲ တောင်းဆိုပါတယ် ။
ပြည်တွင်းရေး စွတ်ဖက်ခြင်း နဲ့
အချုပ်အခြာအာဏာကို စော်ကားသလို
ဖြစ်နေတယ်ဆိုပြီး ဦးသိန်းစိန်က
လက္မခံခဲ့ပါဘူး ။
………………
NLD လက်ထက်
13-1-2017 မှာ ဂျော့ဆိုးရော့
မြန်မာပြည်ကို နောက်ထပ်ရောက်လာပြီး
ဒေါ်စုကြည်နဲ့ တွေ့ဆုံပါတယ် ။
ဟုတ်ကဲ့
14-1-2017 မှာ ဦးသောင်းထွန်းကို
နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့
အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်
ခန့်အပ်ခဲ့သလို …
နိုင်ငံခြားစီးပွါးဆက်ဆံရေး
ဝန်ကြီးဌာနဆိုပြီး အသစ်ဖွဲ့ကာ
ဝန်ကြီးခန့်လိုက်ပါတယ် ။
ဦးသောင်းထွန်း
ဝန်ကြီးဖြစ်ပြီးနောက်
ရခိုင်မှာ ရဲစခန်း ၃၀ အတိုက်ခံရပြီး
ပြဿ နာ စလာပါတော့တယ် ။
အများကန့်ကွက်တဲ့ကြားထဲက
ကိုဖီအာနန်ကော်မရှင်ဖွဲ့ပါတယ် ။
အချုပ်အခြာကို
စော်ကားထားတဲ့ အစီရင်ခံစာကို
ဒေါ်စုကြည်က ဝမ်းသာအားရ
လက်ခံပါတယ် ။
ဂျော့ဆိုးရော့ တပည့်
ဝန်ကြီးအသစ် ဦးသောင်းထွန်းကတော့
ဘင်္ဂလီတွေ တောင်းဆိုတဲ့အတိုင်း
လုပ်ပေးရမယ် ။
မလုပ်ပေးရင်
R 2 P နဲ့ ရင်ဆိုင်ရမယ်ဆိုပြီး
မြန်မာနိုင်ငံကို
ပြန်လည်ခြိမ်းခြောက်ပြပါတယ် ။
{ ဖြစ်စဉ် ၃ }
------------
ရခိုင်ဒေသမှာ
အကြမ်းဖက်လှုပ်ရှားမှုတွေကို
ခိုးဝင်ဘင်္ဂါလီတွေကအဆင့်လေးခုနဲ့
စနစ်တကျ လုပ်ဆောင်သွားခဲ့ပါတယ် ။
-
မောင်တောခရိုင်မှာ
တိုင်းရင်းသားကျေးရွာတွေက၂၄၀ ရွာ ၊
ဘင်္ဂါလီတွေရဲ့ရွာတွေက ၄၄၇ ရွာ
ရှိနေကြတာ ဖြစ်ပါတယ် ။
ဘင်္ဂါလီရွာတွေမှာ
ဘင်္ဂါလီ လူမျိုးတွေနဲ့ပဲ
အုပ်ချုပ်ရေးကော်မတီ ဆိုပြီး
ဖွဲ့စည်းထားတယ် ။
-
အဲဒီရွာတွေထဲကို
ရဲတွေက ဆိုရင် အင်အား
၃၀ လောက်နဲ့တောင် ဝင်မသွားရဲဘူး ။
အဲဒီရွာတွေရဲ့
လူအင်အားဟာ အချိန်တိုအတွင်းမှာ
လူမဆန်တဲ့ သားဖေါက်နှုံးနဲ့
နေ့ချင်းညချင်း ကြီးထွားလာခဲ့တာပါ ။
-
အဲဒီ ဘင်္ဂါလီရွာတွေမှာ
မော်လဝီဘာသာရေးခေါင်းဆောင်တွေကပဲ
အုပ်ချုပ်နေပြီး …
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက
အမြဲတမ်း အခြေစိုက် မနေနိုင်တဲ့အတွက်
အကြမ်းဖက်သမားတွေက အလွယ်တကူ
ဝင်ထွက်နေခဲ့ကြတယ် ။
-
အကြမ်းဖက်သမားတွေဟာ
အဲလို နေထိုင်သွားလာလို့ ရနေတဲ့အတွက်
အမာခံအကြမ်းဖက်တွေမွေး ၊
လူသစ်တွေ စု ၊ သင်တန်းတွေပို့နဲ့
လူစုပြီးသား ဖြစ်နေခဲ့တယ် ။
-
သူတို့ဟာ
RSO အကြမ်းဖက်အဖွဲ့နဲ့
ဆက်နွယ်နေတဲ့
AMM - Aqu Mul Mujahidin အဖွဲ့တွေ ၊
ARSA - Arakan Rohingya Salvation Army
တွေ ဖြစ်နေကြတယ် ။
{ ဖြစ်စဉ် ၄ }
------------
ရခိုင်ကိစ္စအပေါ် ဖြေရှင်းရာ
ပြဿ နာရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဘင်္ဂလီတွေက
ဒေသခံတွေကို အစုလိုက်အပြုံလိုက်
စတင်သတ်ဖြတ်ပစ်တာတွေ ၊
ရဲစခန်း ၃၀ ကို စတင်တိုက်ခိုက်
အကြမ်းဖက်တာတွေကို မေ့ထားခဲ့ကြပြီး တပ်မတော်က နှိမ်နင်းခဲ့တဲ့ ကဏ္ဍကိုပဲ
စစ်ဆေးအရေးယူမယ် ဆိုတာကို
ဒေါ်စုကြည်က
ယုတ်ယုတ်မာမာနဲ့
ဝမ်းသာအားရ လက်ခံခဲ့ပါတယ် ။
{ အကြောင်းကြောင့်
အကျိုးဖြစ်ခဲ့ရာမှာ အကြောင်းကို
ပယ်ဖျက်ခဲ့တာ တိုင်းပြည်ကို
သစ္စာဖောက်ခြင်းပါပဲ}
{ဖြစ်စဉ် ၅ }
----------
အဲလို နှိမ်နင်းမှုလေးကိုပဲ
လိုသလို အပြစ်ရှာနိုင်ဖို့ ပြည်တွင်းက
သစ္စာဖောက် ဒလက်မီဒီယာတွေနဲ့
ပူးပေါင်းခဲ့ကြပြန်ပါတယ် ။
အရေးယူခံခဲ့ရတဲ့
သစ္စာဖောက် မီဒီယာတွေကို
NLD ကပဲ ပြန်လွှတ်ပေးပြီး
ကူညီပေးခဲ့ပြန်ပါတယ် ။
{ ဖြစ်စဉ် ၆ }
------------
ကမ္ဘာပေါ်မှာ
မကြားဖူးတဲ့ အမြှောက်တလက် နဲ့
လေယာဉ်တစီး ပဲ ရှိတဲ့
လက်သည်းခွံလောက် နိုင်ငံလေးက
မြန်မာနိုင်ငံကို
လူမျိုးသုန်းသတ်ဖြတ်မှုနဲ့
ICJ မှာ တရားစွဲပါတော့တယ် ။
ထူးဆန်းတာက
အဲလို လူရာမဝင်တဲ့ နိုင်ငံလေးနဲ့
သံတမန်ချိတ်ဆက်ခဲ့တာ NLD အစိုးရပါပဲ။
ယခင်က မရှိပါဘူး ။
မလိုအပ်တဲ့
တရားရင်ဆိုင်မှုကို
ဒေါ်စုကြည်ကိုယ်တိုင် သွားရှင်းပါတယ် ။
တကယ်တန်းကျတော့
ကျွမ်းကျင်တဲ့ ရှေ့နေတွေ အလုပ်ပါ ။
ဒါဖြင့်သူမကိုယ်တိုင် ဘာလို့သွားတာလဲ?
သူကိုယ်တိုင်သွားရတာက
တပ်မတော်အပေါ် နဲ့ နိုင်ငံအပေါ်
ချောက်တွန်းချင်လို့ သွားတာပါပဲ ။
သူ့ထွက်ဆိုချက်တွေကို
မြန်မာပြည်သူ အများစုသိအောင်
မြန်မာဘာသာနဲ့ သတင်းစာ
ရုပ်မြင်သံကြားတွေမှာ
သူမအနေနဲ့ မထုတ်ပြန်ရဲခဲ့ပါဘူး ။
အဲလို တိုင်းပြည်အပေါ်
သစ္စာဖောက်ပြီး ထွက်ဆိုခဲ့လို့
ICJ မှာ ကိုယ်ငွေပေးပြီး ငှါးရတဲ့
တရားသူကြီးကတောင် မထောက်ခံခဲ့တဲ့
အတွက် (၁၇ ) မဲ ( ၀ ) မဲ နဲ့
အရှက်ရစရာ ရှုံးနိမ့်ခဲ့ရပါတယ် ။
အဲဒီကစလို့ တရားရှုံးထားလို့
ရာဇဝတ်သားလို အစီရင်ခံတင်နေရပါပြီ ။
အဲဒီ ICJ ကို
ဘယ်လိုအစီရင်စာ တင်ပေးရသလဲဆိုတာ
NLD သက်တမ်းကုန်သာသွားတယ်
လုံးဝ မထုတ်ပြန်ပေးခဲ့ပါဘူး ။
- ဖြစ်စဉ် { ၇ }
-----------
ဘင်္ဂလီများဟာ
မြန်မာ့အချုပ်အခြာကို ပိုင်စိုးရန်
လွှတ်တော်အတွင်းသို့ ချဉ်းကပ်ဝင်ရောက်ဖို့
ပြောင်ပြောင်တင်းတင်း ပဲ
အားထုတ်လာနေပါပြီ ။
အဲဒါကို သိပါလျှက်နဲ့
NLD ပါတီ ဟာ
ဘင်္ဂလီ အမတ်လောင်းတွေကို
၂၀၂၀ မှာ ထည့်သွင်းယှဉ်ပြိုင်ဖို့အတွက်
ကြိုးစားလာခဲ့ပြန်ပါပြီ ။
ခေါင်းဝင်လာတဲ့
သစ်ကုလားအုတ် အဖြစ်ကို
ရှုမြင်ကြည့်ကြပါ ။
ကျနော် အနှစ်ချုပ်
ကောက်ချက်ချပေးပါ့မယ် ။
-
ဖြစ်စဉ် (၁) အရ
ဆော်ဒီသည် ဘင်္ဂလီများအား
မြန်မာပြည်ထဲသို့ အလုံးအရင်း နဲ့
ထိုးသွင်းနိုင်ရန် ငွေကြေးအမြောက်အများ
သုံးစွဲပြီး ကျိုးစားနေပါတယ် ။
အာဏာရအစိုးရများကိုပင်
ငွေ နဲ့ ဝယ်ယူနေတာ တွေ့ရသည့်အတွက်
NLD ကိုလည်း ကမ်းလှမ်းကြမှာ
သေချာပါတယ် ။
-
ဖြစ်စဉ် (၂) အရ
ဒေါ်စုကြည်ဟာ ဂျော့ဆိုးရော့ရဲ့
အပေးအယူကို လက်ခံပြီး
ဦးသောင်းထွန်းအား
အစိုးရ အတွင်းစည်းအထိ
ခန့်ထားခဲ့သည်ကို ကြည့်၍
ဂျော့ဆိုးရော့ထက်
များစွာချမ်းသာတဲ့ ဆော်ဒီရဲ့
အပေးအယူကိုလည်း လက်ခံဖို့
ရာခိုင်နှုံးများနေပါတယ် ။
-
ဖြစ်စဉ် (၃) အရ
စနစ်ကျတဲ့ ဘင်္ဂလီတို့ရဲ့
အစီအမံတွေကို ငြင်းမရတဲ့
အနေအထားကြောင့် မြန်မာပြည်ဟာ
အတွင်း အပြင် ၂ ဖက်ညှပ်နေတဲ့
အန္တရာယ်ကြား ရောက်နေရပါပြီ ။
-
ဖြစ်စဉ် (၄) အရ
တိုင်းပြည်အပေါ်မှာ ကာကွယ်ဖို့ထက်
ဒုက္ခရောက်စေဖို့ လုပ်ဆောင်ချက်ကို
ထင်ရှားစေပါတယ် ။
-
ဖြစ်စဉ် (၅) အရ
တိုင်းပြည် နဲ့ ပြည်သူအပေါ်
သစ္စာဖောက်နေသူတွေ အပေါ်
အကာအကွယ်ပေး ပူးပေါင်းနေကြောင်း
ထင်ရှားပါတယ် ။
-
ဖြစ်စဉ် (၆) အရ
တိုင်းပြည်အား ဒုက္ခရောက်စေရန်
နည်မျိုးစုံနဲ့ ရှာကြံပြီး အချိတ်အဆက်များ
ရယူကာ အခွင့်အရေး ရသည်နှင့်
ပြောင်ပြောင်တင်းတင်း
ယုတ်ယုတ်မာမာပြုလုပ်ဝံ့သော
စိတ်ဓာတ်ကို မြင်တွေ့ရပါတယ် ။
-
ဖြစ်စဉ် (၇) အရ
NLD သာ နိုင်သွားမယ်ဆိုရင်
လွှတ်တော်အတွင်းမှာ ဘင်္ဂလီသံတွေ
လွှမ်းမိုးနေပြီး အပေါင်းအပါ သစ္စာဖောက်
NLD အမတ်တွေရဲ့ အားနဲ့ ထိုင်းနိုင်ငံလို
ဗုဒ္ဓဘါသာဝင်တွေ ငါးပါးမှောက်ဖို့
ခြေလှမ်းစနေပြီလို့ သတိပေးချင်ပါတယ် ။
( NLD ပါတီဟာ
ဘင်္ဂလီရဲ့ ကျွန်ပါတီ ဖြစ်နေပါပြီဆိုတာ
ထင်ရှားတဲ့ သင်္ကေတပါပဲ )
-
ဖြစ်စဉ် (၈)အရ
သီးခြားချိတ်ဆက်တွေးရမယ့်
ကိစ္စများကတော့
- လုံခြုံရေး ဥပဒေများ ဖျက်ဆီးခြင်း
- နိုင်ငံခြားသားကလေး
မွေးစားခွင့် ဥပဒေပြဌာန်းခြင်း
- မြန်မာမိန်းကလေးများ
ဘာသာခြားနဲ့ ယူခဲ့လျှင်
မိဘက အမွေဖြတ်မရအောင်
ဥပဒေပြင်ဆင်ခြင်း
- ရွှေ့ပြောင်းအခြေချသူများအား
လက်ခံမည့် စာချုပ် လက်မှတ်ရေးထိုးခြင်း
- မဘသ ဖျက်သိမ်းပစ်ခြင်း
- ဗုဒ္ဓဘါသာအား ချိုးနှိမ်နေခြင်း
အစရှိတဲ့ လုပ်ရပ်တွေကို
ကြည့်ခြင်းအားဖြင့် NLD ပါတီသည်
ဗုဒ္ဓဘာသာ နိုင်ငံသား အများစုရှိသော
မြန်မာပြည်အတွက် လုံးဝ မရှိသင့်သော
ပါတီအဖြစ် ရှုမြင်မိပါတယ် ။
အကြောင်းအကျိုး ညီညွှတ်လျှင်
လက်ခံရဲသော လက်ခံတတ်သော အသိ
ဥာဏ်ရှိသူများ ချင့်ချိန် ကြည့်နိုင်ပါပြီ ။
ဗုဒ္ဓဘုရားဟာ
ကာလမသုတ်ကို အပျင်းပြေ
ဟောကြားတော်မူခဲ့ခြင်း မဟုတ်ပါဘူး ။
လူပီပီ
အကြောင်းအကျိုးညီညွှတ်မှသာ
လက်ခံတတ်ဖို့ လက်ခံကြဖို့
ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ် ။
{ ဖြစ်စဉ် ၁ အတွက်
သံအမတ်ဟောင်း ဦးခင်ဇော်ဝင်း နဲ့
ဖြစ်စဉ် ၃ အတွက် အမခင်ချိုဝါဝင်း
ACC များမှ အချက်အလက်များအား
ရယူထားပါတယ် }
ယခင်က ရေးခဲ့တဲ့ ပို့စ် လေးပါ ။
သူများပြန်တင်ထားတာ တွေ့လို့
ထပ်တင်လိုက်တာပါ ။
…………………………………
20211027:Thuya 'KSMW
ဓမ္မ အဓမ္မ အား ထင်ရာမြင်ရာ
အတွင်တွင်အော်နေကြသူမျှားအတွက်
အဖြစ်မှန် အတွေးမှန် အမြင်မှန်ကြစေဖို့
ထပ်ဆင့်မျှဝေလိုက်ပါတယ်
Post a Comment