ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်တဲ့ အဂတိအမှုအတွက် နိုဝင်ဘာလ ၅ ရက်မှာ ဇနီးဒေါ်ခင်မိမိကြွယ်သက်သေထွက်ဆိုမယ်

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်တဲ့ အဂတိအမှုအတွက် နိုဝင်ဘာလ ၅ ရက်မှာ ဇနီးဒေါ်ခင်မိမိကြွယ်သက်သေထွက်ဆိုမယ်

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှုအတွက် လာမဲ့ နိုဝင်ဘာလ ၅ရက်နေ့  ကြားနာစစ်ဆေးတဲ့ ရုံးချိန်းမှာ  ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်က သက်သေထွက်ဆိုသွားဖို့ ရှိနေတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်ဆီက သိရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အဂတိအမှုလေးမှုရှိပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ နေပြည်တော်မှာရှိတဲ့ အထူးတရားရုံးမှာ စစ်ဆေးတဲ့အခါ အဂတိအမှုသုံးမှုကိုစစ်ဆေးခဲ့ပါတယ်။ဒေါ်ခင်မိမိကြွယ်က တရားလိုပြသက်သေအဖြစ် သက်သေထွက်ဆိုမယ့် အဂတိအမှုကိုတော့ စစ်ဆေးနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုတဲ့ အချက် အပါအဝင် အခြား အဂတိမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့်ထားတာပါ။

အဂတိအမှုတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပတ်စဉ် သောကြာနေ့မှာ ရုံးချိန်းသတ်မှတ်ပြီး ကြားနာစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ ၇ပိဿာနဲ့ ဒေါ်လာ ၆သိန်း ပေးခဲ့ရတာရှိတယ်လို့  တရားခွင်မှာ ထွက်ဆိုထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၅ ရက်ရုံးချိန်းမှာတော့ ဒေါ်ခင်မိမိကြွယ်ကို တရားလိုပြသက်သေအဖြစ် သက်သေထွက်ဆိုသွားဖို့ နေပြည်တော် အထူးတရားရုံးကနေဆင့်ခေါ်ထားတာကြောင့် လာရောက်ထွက်ဆိုသွားမှာဖြစ်ပါတယ် လို့ သိရပါတယ်။

Post a Comment

Previous Post Next Post