လူပေါင်းမှားပြီး လူမှားပေါင်းလေတော့ တစ်သက်စားမကုန်တဲ့ ဘိုးဘွားပေးတဲ့နာမည်လေးဟာ ခုတော့ ဓါးပြမုန့်ဟင်းခါးရယ်လို အမည်တွင်ခဲ့ရတဲ့ မြောင်းမြဒေါ်ချိုမုန့်ဟင်းခါး
…
မြောင်းမြဒေါ်ချိုဆိုတာ တစ်နိုင်ငံလုံး မသိတဲ့သူမရှိပါ.. နိုင်ငံခြားထိတောင် မုန်းဟင်းခါးအခြောက်ထုပ် ကို ပိုရသည်အထိ ကမ္ဘာထိပျံ့ပါတယ်..။ အစကတော့ သူတိုရိုးရိုးအောင်မြင်တာပါ..။
တကယ်ကို ရိုးရိုးသားသား နဲ့ဒေါ်တင်တင်မူတို မြောင်းမြဒေါ်ချိုမျိုးဆက်ဟာ ရန်ကုန်မှာ ဆိုင်ခွဲများစွာဖြင့် အောင်မြင်ခဲ့ရပါတယ်.။ NLD အာဏာရလာပြီး မောင်မောင်အေး (ဂတုံး)က ဆက်စပ်ပေးရာကနေ ဦးဝင်းထိန်အိမ်ကိုနေ့စဉ်မနက်တိုင်း မုန့်ဟင်းခါးပိုပေးရာက ဒေါ်စုနဲ့ ရင်းနှီးပြီး NLD ရဲ့အလှူအတန်းမှန်သမျှ ဒေါ်တင်တင်မူကဘဲ မုန့်ဟင်းခါးစီမံပါတော့တယ်..။ ဒါကြောင့်လဲ သူ့ဆိုင်ကို မဘသ ဘုန်းကြီးနဲ့ စစ်တပ်ထောက်ခံသူတွေကို မလာရဆိုပြီး ရဲတင်းစွာ ပြောခဲ့တာပေါ့၊ ဒါလဲ အာဏာ ရှိသူတွေနဲ့ပေါင်းလေတော့ သူလဲ ပါဝါတွေ အော်တိုရနေတာပေါ့..။ ပြဿနာကတော့ NLD အစိုးရ သက်တမ်းမကုန်ခင်မှာ.. မောင်မောင်အေးနဲ့သဘောတူပြီး အစုစပ်ရှယ်ယာလုပ်ကြမယ့် ပန်းလှိင်ဂေါက်ကွင်းဘေးနားမှာ ဖွင့်မယ့် မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ကို ဝယ်ယူရန် စရံချပြီး သကာလ ဗြုန်းဆို တပ်မတော်က အာဏာထိန်းလိုက်ရော ဒေါ်တင်တင်မူခမျာ မြွေဖမ်းမိသွားရော.. မောင်မောင်အေး ကတော့ အစတုန်းကတော့ သူက ငွေမထုတ်ဘဲ ဒေါ်ကြီးခဏစိုက်ထား.. ကျွန်တော် Dream Boat ကိုလဲ အဲ့နားမှာ ဖွင့်မယ်. အတူတူပေါ့ဆိုပြီး သိန်းကို သောင်းချီ ဒေါ်တင်တင်မူဆီက ရယူထားပါတယ်..။ ဒါကို ယုံပြီးပေးလိုက်တဲ့ ဒေါ်ချိုပိုင်ရှင်ခမျာ အပူမီးတောက်ပြီး ၈ လအကြာမှာ သူလဲ ဆုပ်လဲ ဆူး စားလဲရူးရမယ့်အတူတူ ၊ ရောကြိတ်ပြီး PDF က ဘဲ တိုက်သယောင်ယောင် ဇာတ်စုံလွှင်ခဲ့တာပါ.. ခုတော့ ၂၆ ရက်နေ့မှာ အားလုံးဖမ်းမိသွားပြီ၊ မြောင်းမြဒေါ်ချိုလဲ မြောင်းထဲ ရောက်သွားရပြီ. တစ်သက်လုံးနာမည်တစ်လုံးနဲ့နေလာခဲ့တဲ့မြောင်းမြဒေါ်ချိုလဲ မုန့်ဟင်းခါး လောက မှာ ဓါးပြမုန့်ဟင်းခါးလို တွင်နေလေတော့်တယ်..၊ ဒါဟာလူမှားပေါင်းလိုပါ.. မောင်မောင်အေးကတော့ ထိုင်ဝမ်က သူ့အမျိုးတွေဆီမှာ ငြိမ့်နေလေရဲ့..။ ဒေါ်ချိုတစ်ဖြစ်လဲ ဒေါ်တင်တင်မူမှာတော့………………….
#DGF21NewsMMM3010
Post a Comment