၂၀၂၁ ခုနှစ် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၁ ခုနှစ် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
နေပြည်တော် အောက်တိုဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊၂၀၂၁ ခုနှစ် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ နာယက ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့်  ဗိုလ်ချုပ် စိုးတင့်နိုင် ၊ ဉီးမောင်မောင်ဝင်း၊ ဉီးအေးထွန်း၊ ဉီးထွန်းအုံ၊ ဗိုလ်မှူးချုပ် လူမွန်၊ ဉီးသန့်စင်၊ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဉီးမြင့်စိုး၊ ဦးစီးကော်မတီ၊လုပ်ငန်း ကော်မတီ ဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
#MHTnews

Post a Comment

Previous Post Next Post