ASEAN ထိပ်သီးအစည်းအဝေး*****************************ဘာတဲ့.!


မြန်မာနိုင်ငံ ရဲ့လက်ရှိအစိုးရ အကြီးအကဲကို
တက်ရောက်ခွင့်မပြုကြောင်း
မိမိသဘောနဲ့ မိမိကြေငြာချက်ထုတ်ခဲ့တဲ့ လက်ရှိ ဥက္ကဌ #ဘရူနိုင်းနိုင်ငံ

ကိုယ်စားလှယ်တစ်ဦး
တက်ရောက်ခွင့်ပြုပါလျက်နဲ့
မြန်မာနိုင်ငံက ကိုယ့်အခွင့်အရေးကို
လက်လွတ်ခဲ့ တာပါလို့ပြောတဲ့
၂၀၂၂ မှာ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်
တာဝန်ယူ ထမ်းဆောင်ရမယ့်
#ကမ္ဘောဒီးယားနိုင်ငံ

အလှည့်ကျဥက္ကဌရဲ့
မြန်မာနိုင်ငံကိုယ်စားပြုမှုနဲ့
ပတ်သက်တဲ့သဘောထားကို
အပြည့်အဝထောက်ခံကြောင်း
ထပြောလာတဲ့ #မလေးရှားနိုင်ငံ

အာဆီယံရဲ့ကြေငြာချက်ဟာ
သူတို့ အကွက်ထဲ ဝင်လာအောင်
နစက ကို ပျော့ဆွဲလေးနဲ့ မျှားခေါ်ခဲ့တယ်။

ဒါကိုတစ်ကွက်ကြိုမြင်တဲ့ နစက က
တက်ဖြစ် မတက်ဖြစ်
အတိအကျမပြောနိုင်သေးပါဘူး..ဆိုပြီး
မတင်မကျလှည့်ကွက်တွေနဲ့
ဆက်တိုက် ထုတ်ပြန်နေရင်းကနေ

အစည်းအဝေး စခါနီးလည်းကျရော
ဘယ်သူမှ မတက်ပါဘူးဆိုပြီး
ရိုက်ချပစ်လိုက်တယ်။

ဒီအခါမှာတော့
ဟို မွတ်(၃)နိုင်ငံလည်း
ကိုယ့်စကားနဲ့ကိုယ်တိုင်ပြန်ပတ်ပြီး

နစကဥက္ကဌကို ပြန်ပဲခေါ်ရမလို
လေချိုပဲ သွေးရတော့မလို
ပြန်စီစဉ်ဖို့ အချိန်ကလည်း မမှီတော့နဲ့
ခြေမကိုင်မိ လက်မကိုင်မိ
အောင့်သီးအောင့်သက်တွေ
ဖြစ်ကုန်ကြပါတယ်။

အမှန်က
သူတို့ထင်ထားတာက
သူတို့ခေါ်ထားတဲ့ သူတော့
တက်ကို တက်လာလိမ့်မယ်လို့ပေါ့…
တက်ရင်ဖိအားပေးမယ်ပေါ့…

ဒီတော့ကာ
ASEAN သက်တမ်းတစ်လျှောက်
ပထမဆုံး(၉)နိုင်ငံအစည်းအဝေးတွေဖြစ်..

ဒီလိုနဲ့ပဲ
#ထိုင်း က
စေ့စပ်ညှိနှိုင်းရေးနဲ့ ဘုံသဘောတူညီချက် (၅)ရပ်ကို အလေးထားသင့်ကြောင်း၊ အာဆီယံအတွင်း ယုံကြည်မှု တည်ဆောက်ထားသင့်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အပေါ်ယုံကြည်ပြီး လက်တွဲတာကို လိုလားကြောင်း
တွေနဲ့ သူ့သဘောထားကို အဲဒီလို
သာသာနဲ့နာနာ ချပြသွားတယ်။

#စင်္ကာပူ ကတော့
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်
ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေမှု အပိုင်းမှာ
ကနဦး သဘောတူထားကြပြီး ဖြစ်တဲ့
ဘုံသဘောတူညီချက်တွေဟာ အခုလို နှောင့်နှေးနေရတာ ရှေ့မရောက်နိုင်တာတွေအတွက် အလှည့်ကျဥက္ကဌကိုဝေဖန်လိုက်တယ်၊ စည်းမျဉ်းစည်းကမ်းပေါ်
အခြေခံတဲ့ အဖွဲ့အစည်း တစ်ရပ်အနေနဲ့
လက်ရှိလုပ်ဆောင်ချက်တွေဟာ မိမိတို့ရဲ့အဖွဲ့အစည်းအပေါ်မြန်မာနိုင်ရဲ့ယုံကြည်ကိုးစားမှုမှာ အများကြီးအကျိုးသက်ရောက်မှုတွေ ရှိသွားနိုင်တယ်လို့ ထောက်ပြခဲ့တယ်။

#အနှစ်ချုပ်ရရင်..

တကယ်တော့..
အမေရိကန်ရော
ဗြိတိန်ရော
သူတို့ရဲ့စနက်နဲ့အတူ အာဆီယံအစည်းအဝေး မှာ

🔸မြန်မာနိုင်ငံက ကိုယ်စားပြုတက်လာမယ့်တစ်ယောက်ကို ဘာမှပြောဆိုဆွေးနွေးခွင့်မပေးဘဲ..
🔸သူတို့ပြောချင်တာတွေ တောင်းဆိုချင် တာကို လိုက်မှတ်ပြီး၊ နစကဥက္ကဌထံ
စကားမှာပါး ရာဇသံပေးချင်တာ..
ဒီလို အကွက်ချထားတာ

သူတို့အထင်အရတော့
နစက အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ်
ရတဲ့သူ တစ်ဦးဦးတော့ ကုပ်ကပ် တက်လိမ့်မယ်ပေါ့လေ..

အဲဒီမြာပဲ နစက အစိုးရက
ဘယ်သူမှ မတက်ဘူး ကွာ
$ဂရုလည်း မစိုက်ဘူး
နားလည်းမထောင်ဘူး ဆိုတော့
အမေရိကန်ရော အာဆီယံနိုင်ငံတွေရော
တိုင်တွေပတ်ကုန်ပါလေရော။

အခုတော့
အာဆီယံနဲ့ အနောက်အုပ်စုက
ဟ.! ဟ.! 😆😆 တောင် မရလိုက်ဘူး။

တကယ်က
ဒီပွဲက #မြန်မာပွဲမှမြန်မာပွဲ ပါ။
မြန်မာအရေးကိုအဓိကထား
ညှိနှိုင်းကြ
ဖျောင်းဖျကြ
ချော့ကြ
ခြောက်ကြ
ဖိအားပေးကြ မယ့်ပွဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တွေပါ အပါအဝင်ပေါ့။
ဆိုးရှော့အပါအဝင် နိုင်ငံခြားသား ကိစ္စတွေရော။

ဒီတော့ကာ
အမေရိကန်ကြီးကလည်း အားတွေထည့် ဘိုင်ဒန်ကိုယ်တိုင် မိန့်ခွန်းပြောမယ့်အကြောင်းတွေကြေငြာ
အလဟဿ တွေဖြစ်..
🥴

#မလေးရှား ကလည်း
ကိုယ်စားလှယ်မပါတော့တဲ့
မြန်မာ့နိုင်ငံရေး အဆိုပြုချက်မှာ
#ဒုက္ခသည်တွေပြန်လည်ခေါ်ယူဖို့ကို
အရင် နီပိတ်အစိုးရဲ့ကတိကဝတ်အတိုင်း
အမြန်ဆောင်ရွက်ဖို့ #ထတောင်းဆို..

ဒါပေမဲ့
#ကာယကံရှင်နိုင်ငံကမပါ..
#တိုင်တွေပတ်နေကြတာ
တိုင်ပတ်တာမှလေ
လွတ်လပ်ရေးကျောက်တိုင်လောက်ကြီးတဲ့
တိုင်ကြီးတွေ ပတ်ကုန်တာ
😆
နစက အစိုးရေက‌တော့
အာဆီယံအစည်းအဝေးလုပ်မယ့်ရက်
မတိုင်ခင်လေးမှာပဲ..ကပ်ပြီးတော့

တစ်နိုင်ငံလုံး အနေနဲ့
တပ်မတော်ထောက်ခံပွဲတွေလုပ်..
ရုရှားနဲ့ စင်္ကာပူကို
သိပ္ပံနဲ့နည်းပညာအစည်းအဝေးခေါ်ထား..
စီမံချက် စီမံကိန်းတွေ ချမှတ်ကြနဲ့ပေါ့

ဒါတွေကိုကြည့်ရင်
#အာဆီယံအစည်းအဝေးမှာ
#လက်ရှိနိုင်ငံ့အရေးဖိအားတွေအတွက်
#မဖြစ်နိုင်တဲ့_တွေ့ဆုံညှိနှိုင်းရေးတွေ
#တောင်းဆိုလာမှုတွေအတွက်
#ပေးရမယ့်_ကတိကဝတ်တွေ
#ယခင်အစိုးရလက်ထက်က_ကျွံထားခဲ့တဲ့_ဒုက္ခသည်ပြန်ခေါ်ရေး_ကတိကဝတ်ပေးရမှုတွေအပေါ်_ရှောင်လွှဲနိုင်ခဲ့တယ်

လတ်တလော
နိုင်ငံတည်ဆောက်ရေးမှာ
တပြိုင်တည်း ဆောင်ရွက်ရမယ့်
ကိစ္စရပ်တွေအတွက်..
ဖိအားလျော့သွားခဲ့တယ်

ဒီတော့က
#ဒီအာဆီယံအစည်းအဝေးကို
သွားတက်ခြင်းထက်
#မတက်တာကပိုအကျိုးရှိတယ်ဆိုတာ နစက က ကြိုစဉ်းစားထားပြီးသားဆိုတာ..
အခု လုပ်ရပ်ကို ကြည့်ရင် သိရလိမ့်မယ်။

အဲ့လိုတွေ
သူတို့ဖက်က ထုတ်ပြန်လေ
နစက ဖက်က ပိုကြိုက်လေ ဆိုတာ
ပိုသိသာသွားကြပြီ။

အခုတော့ ASEAN အစည်းအဝေးက
အဓိကနိုင်ငံမပါတဲ့ ဆုံးဖြတ်ချက်၊ တောင်းဆိုချက်တွေကလည်း ဘာမှဖြစ်မလာတော့ပါဘူး။

အဲ့ဒါ....နစကရဲ့နိုင်ငံရေးနိုင်နင်းမှုပါပဲ...

Post a Comment

Previous Post Next Post